"နှစ်ထပ်ကွမ်းအဖေသို့တမ်းချင်း"

Sunday, February 13, 2011



"နှစ်ထပ်ကွမ်းအဖေသို့တမ်းချင်း"

အဖေ
ပစ္စုပ္ပန်တွေအတိတ်ဖြစ်လို့
သမိုင်းမှတ်တိုင်စိုက်ရစ်တာ
၉၆ နှစ်တောင်ရှိပြီအဖေ ..။

အရာအားလုံးကအနိစ္စတဲ့
ဘာသာတရားကသားကိုဆုံးမတယ်အဖေ
ဒါပေမဲ့
သားတို့အားလုံးရင်ထဲမှာတော့
အဖေက နိစ္စ ပဲ အဖေ
အမြဲထာဝရ
တမ်းတမ်းတတ နဲ့
လွမ်းရနေကြဦးမှာပါအဖေ..။

တကယ်ဆို
အဖေကလူရိုးပါအဖေ
ဒါပေမဲ့
ကိုယ့်အမျိုးကိုချစ်တော့
အဖေမွှတ်နေအောင်လည်တက်ခဲ့တယ် ...။

အဖေကလူဖလန်လေးရယ်ပါ
ဒါပေမဲ့ အဖေ့သတ္တိ
အဖေ့သိက္ခာ
အဖေ့ရဲ့အစွမ်းတွေကတော့
ဧရာမ လူသန်ကြီးတွေထက်
အပြတ်အသတ်
ခန့်ညားနေတယ်အဖေ..။

အဖေကအညာသားဆိုတော့
အသားတော့မဲချင်မဲမှာပါ
ဒါပေမဲ့သေချာတယ်
အဖေ့အသည်းကအဖြူတကာ့အဖြူ..။

အဖေ့စကားတွေ
သားနားထောင်ကြည့်တယ်အဖေ
အဖေကစကားပြောမပြေပြစ်ပါဘူး
ပိတ်သလေးခဲနဲ့ပစ်သလို
တစ်တစ်ခွခွပြောတက်တယ်လို့ထင်မိတယ်
နောက်တော့မှသတိရတယ်
အဖေပြောတာစကားဆိုပေမဲ့
နှုတ်ဖျားကလာတာမှမဟုတ်တာ
heart to heart
ရင်ဘက်နဲ့အပ်ကြည့်မှ
အဖေ့စကားတွေက
သကာရည်မြစ် ၁၀ စင်းထက်
ခပ်ပြင်းပြင်းတောင်ပိုလို့ချိုနေသေးတယ် ..။

အဖေကရွှေအစစ်ပါအဖေ
အဖေ့ခေါင်းဆောင်မှု
အဖေ့ရဲ့ရိုးသားမှု
အဖေ့ရဲ့သတ္တိ
အဖေ့ခံယူချက်
အဖေ့အမြင်
အဖေ့အကြောင်း
လူပေါင်းစုံ
အလွှာပေါင်းစုံ
ထောင့်ပေါင်းစုံက
ဘယ်လိုမှတ်ကျောက်နဲ့ပဲခြစ်ခြစ်
အဖေက ရွှေအစစ်ဆိုတာ ငြင်းမရနိုင်ဘူးအဖေ..။

အဖေကကျောင်းသား
အဖေကစစ်သား
အဖေကနိုင်ငံရေးသမား
ဘဝအချိုးကွေ့တွေဘယ်လိုပဲများများ
လူတော်ဆိုတာအရာတိုင်းမှာတော်ပီး
လူကောင်းဆိုတာအချိန်ခါမရွေးကောင်းတယ်ဆိုတာ
အဖေတစ်ယောက်ကိုပဲကြည့်ပီး
သားတို့သိနိုင်ခဲ့တာပါအဖေ....။

အဖေကပြောခဲ့တယ်
လူကြီးဆိုတာ
အသိဥာဏ်ကြီးကြီးနဲ့
အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့လူတွေတဲ့ ...
လူငယ်ဆိုတာ အမှန်တရားမြတ်နိုးတဲ့လူ တဲ့ ...
ခုသားတို့ပတ်ဝန်းကျင်မှာတော့
လူကြီးဆိုတာအတ္တကြီးတဲ့လူ
လူငယ်ဆိုတာသဘောထားငယ်တဲ့လူ
ဆိုတာကိုပဲသားတွေ့နေရတယ်အဖေ...။

အဖေ့တုန်းကတော့
တိုင်းရင်းသားလူမျိုးအများပြားကို
တသားတည်းဖြစ်အောင်စွမ်းနိုင်ခဲ့တယ်..
ခုတော့သားတို့ဆီမှာ
လူမျိုး၂ မျိုးပဲရှိတော့တယ်အဖေ
" ဟိုလူတစ်မျိုး နဲ့ ဒီလူတစ်မျိုး "
လက်ညှိုးတွေတစ်ထိုးထိုး
ယိုးစွပ်လာလိုက်ကြတာ
ခေတ်တွေဟောင်းလို့
ယိုးစွပ်နည်းစနစ်တွေသာပြောင်းလာတယ်
ခုထိပေါင်းစည်းလို့မရဘူးအဖေ ...။

လူငယ်တွေညည်းချင်းများ
အဖေကြားရင်
ခါးကိုထောက်ပီး
ရိုးသားကြစမ်း
ကြိုးစားကြစမ်းလို့
အဖေပြောလေမလား
သားတွေးနေမိတယ်အဖေ ..။

အဖေတစ်ယောက်လိုဂါရဝနဲ့
သားကန်တော့ပါရစေအဖေ ..။

အဖေ့ကိုအရိုသေပေးလို့
အလေးလည်းပြုပါတယ်အဖေ..။

အဖေထာဝရငြိမ်းချမ်းနေပါစေ...။

13.2.2011 မှာကျရောက်သော အဖေဗိုလ်ချုပ်အောင်ဆန်း၏ ၉၆ နှစ်မြောက်မွေးနေ့အမှတ်တရ
ဆက်လက်ဖက်ရှု့ရန်

Pascal Programming Books

Friday, September 10, 2010


စာအုပ်အမည် = Pascal Programming Books
ဘာသာစကား = မြန်မာ ၊ အင်္ဂလိပ်
ပမာဏ = 20.4MB
ဖိုင်အမျိုးအစား = pdf

Photobucket
ဆက်လက်ဖက်ရှု့ရန်

borland 5.02 C++

ဆော့ဖ်ဝဲအမည် = borland 5.02 C++
ပမာဏ = 91.29 MB

Photobucket
ဆက်လက်ဖက်ရှု့ရန်

Csharp 3 BegineerGuide


စာအုပ်အမည် = Csharp 3 BegineerGuide
ဘာသာစကား = အင်္ဂလိပ်
ပမာဏ = 6.28 MB
ဖိုင်အမျိုးအစား = pdf


Photobucket
ဆက်လက်ဖက်ရှု့ရန်

ဆွေးနွေးချက် (၁၇)

Friday, September 3, 2010

Arrays

Array ဆိုတာ data items အများကြီးကို တူညီတဲ့ ဘုံနာမည်တစ်ခုပေးပြီးတော့ storage လုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ data type တစ်မျိုးပါပဲ ။ တနည်း အားဖြင့် array ဆိုတာ data type တူညီတဲ့ data အစုဝေးလို့လည်းပြောလို့ရပါတယ် ။


An array of airplanes



An array of cards



An array of characters


ပုံလေးတွေကိုကြည့်ကြည့်ပါ ။ အမျိုးစားတူညီတဲ့ ဒေတာ အစုအဝေး ကို array လို့ခေါ်နိုင်တယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ် ။ ကျွန်တော်တို့ က Array တစ်ခု ကိုကြေငြာလိုက်ပြီဆိုတာနဲ့ ကွန်ပျူတာရဲ့ မန်မိုရီမှာ နာမည်တစ်ခုနဲ့ ဘောက်စ်လေး အဖြစ်နေရာယူလိုက်တယ်လို့ တွေးကြည့်နိုင်ပါတယ် ။ အဲဒီဘောက်စ်လေး မှာ အပိုင်းလေးတွေထပ်ပိုင်းမယ် အဲလို ပိုင်းလိုက်တဲ့အပိုင်းလေးတစ်ခုချင်းစီ ကို array ရဲ့ element လို့ခေါ်ပါတယ် ။ arrays မှာဆိုရင် one-dimensional array နဲ့ multi-dimensional array ရယ်လို့ထပ်ပြီးခွဲလို့ရပါတယ် ။

Array ကိုဘာကြောင့်သုံးရတာလဲ

Array ရဲ့ အဓိပ္ပါယ် နဲ့ အမျိုးစားကိုသိပြီးပြိဆိုရင် array ကိုဘာကြောင့်သုံးရလဲဆိုတာသိရင်ပိုအဆင်ပြေမယ်ထင်ပါတယ် ။ ဥပမာ data type (int , float , char, …etc) ကွဲပြားမှုမရှိတဲ့ ဒေတာ ၁၀ ခုကို ၁၀ ခါကြေငြာပြီးသုံးမယ်ဆိုရင် မန်မိုရီမှာနေရာယူတာလည်းများမယ် ။ လုပ်ဆောင်ဖို့အချိန်လည်းကြာမယ် လေ ။ အဲဒါဆိုတော တူညီနေတဲ့ data တွေကို ဘုံနာမည်တစ်ခုပေးပြီး array အဖြစ်သုံးလိုက်မယ်ဆိုရင် အချိန်ကုန်လည်းသက်သာသလို ပိုပြီးလည်းအဆင်ပြေတာပေါ့ ။
int a = 10;
int b = 20;
int c = 30;
int d = 40;
လို့ ကြေငြာမဲ့အစား
int Numbers[4]={10,20,30,40};
လို့ကြေငြာလိုက်တာပါ ။

Arrays တွေကိုကြေငြာခြင်း

One-dimensional array အတွက်

DataType Array_Name [ subscript ];
int OneDiArray [ 10 ]; // ဥပမာ ( 1,2,3,4,5,6,7,8,9,10 ) ဆိုပြီး အတန်းလိုက် ၁၀ လုံးရှိမှာပါ ။

Multi-dimensional array အတွက်

One-dimension ထပ်ပိုတဲ့ ဟာတွေကို multi-dimensional array လို့ ခေါ်ပါတယ် ။ two-dimension ကနေ စပြီး dimension အများကြီးထိဖြစ်နိုင်ပါတယ် ။

DataType Array_Name [row][column]; //two-dimensional array
DataType Array_Name [pages][row][column]; // three-dimensional array

Float fNumbers [3][4];

// အပေါ်မှာတုန်းက row နဲ့ columns ဆိုတာ အလွယ်မှတ်တဲ့နည်းပါ ။ တကယ်တန်းသူ့အဓိပ္ပါယ်က Elements ၄ ခုပါတဲ့ arrays ၃ ခုရှိမယ်လို့ ပြောချင်တာပါ ။ fNumbers ဆိုတဲ့ array မှာ elements ဘယ်နှခုပါမလဲဆိုတော့ 3X4 =12 လုံးပါမယ် ။

Double dNumbers[2][3][4];

// သူကတော့ [3][4] က two-dimensional တုန်းကအတိုင်းပါပဲ ။ [2][3][4] ကတော့ 3 rows , 4 columns ပါမဲ့ two-dimension arrays ၂ ခုရှိမယ်လို့ပြောချင်တာပါ ။ သူ့မှာပါဝင်မဲ့ elements အရေအတွက်ကိုသိချင်ရင် 2x3x4= 24 ရှိမှာဖြစ်ပါတယ် ။

စပြီးလေ့လာခါစဆိုရင် dimension တွေမှာမျက်စိလည်တက်ပါတယ် ။ မျက်စိမလည်အောင်အလွယ်မှတ် တဲ့နည်း ကတော့ အပေါ်မှာပြောခဲ့တဲ့တိုင်းပါပဲ ။ သေချာနားလည်သွားအောင်နောက်တစ်ခေါက်ထပ်ပြောပြပါ့မယ် ။

One-dimension
Int OneDimension [5] ;
1 2 3 4 5 ဆိုပြီး ၅ လုံး တန်း တစ်တန်း ဖြစ်ပါတယ် ။

Two-dimension

Int TwoDimension [4][5];
One-dimension တုန်းကလို array မျိုး ၄ ခုပါဝင်ပါမယ် ။ [4][5] မှာ 5 သည် အတန်း (row)တစ်ခုချင်းဆီမှာပါဝင်မဲ့ elements အရေတွက် ၊ 4 သည် ပါဝင်မဲ့ အတန်း အရေအတွက် ။

1 2 3 4 5
6 7 8 9 10
11 12 13 14 15
16 17 18 19 20
21 22 23 24 25

Elements 25 ခုပါဝင်နေတဲ့ အပေါ်က ဟာတစ်ခုလုံးကို two-dimension array တစ်ခုလို့ခေါ်ပါတယ် ။

Three-dimension

Int ThreeDimension [3][4][5];
Two-Dimension တုန်းကလို array မျိုး ၃ ခုပါဝင်ပါမယ် ။ elements 60 ပါဝင်ပါမယ် ။ အဲဒီ elements 60 ပါဝင်တဲ့ array တစ်ခုလုံးကို Three-Dimensional array တစ်ခုလို့ခေါ်ပါတယ် ။

Four-Dimension

Int FourDimension [2][3][4][5];
Three-Dimension တုန်းကလို array မျိုး ၂ ခုပါဝင်ပါမယ် ။ elements 120 ပါဝင်ပါမယ် ။ အဲလို elements 120 ပါဝင်မဲ့ array တစ်ခုလုံးကို four-Dimensional array တစ်ခုလို့ ခေါ်ပါတယ် ။

နောက် dimension တွေလည်းထိုနည်း လည်းကောင်း အတိုင်းဖြစ်ပါတယ် ။ သေချာကြည့်ရင်နားလည်နိုင်လိမ့်မယ်ထင်ပါတယ် ။


Initializing An Array

Arrays တွေကို သုံးမယ်ဆိုရင် သုံးမဲ့ array ကို intialize လုပ်ပေးဖို့လိုပါတယ် ။ array တွေကြေငြာတုန်းက ကျွန်တော်တို့က array မှာ elements ဘယ်နှခု store လုပ်မယ်ဆိုတာကိုကြေငြာခဲ့ပါတယ် ။ အဲလို ကြေငြာပြီးသတ်မှတ်ထားတဲ့နေရာလေးတွေမှာ value လေးတွေထည့်ပေးရပါမယ် ။ အဲဒါကို intialize လုပ်တယ်လို့ခေါ်ပါတယ် ။ တကယ်လို့ ကျွန်တော်တို့ကသာ intialize လုပ်မပေးဘူးဆိုရင် ကျွန်တော်တို့ ကြေငြာထားတဲ့ array တွေက သူ့ဘာသာ default value တွေကို intialize လုပ်ပေးနိုင်မှာမဟုတ်ပါဘူး ။ array တွေကို intialize လုပ်ရာ မှာ declare လုပ်ပေးရင်း တခါတည်း intialize လုပ်တာရယ် ။ အပေါ်မှာ declare လုပ်ပြီးမှ ထည့်ချင်တဲ့ element လေးတွေကို ထည့်ပေးတာရယ် ရှိပါတယ် ။ အောက်က ဥပမာလေးကြည့်ကြည့်ပါ ။ ဒါကတော့ declare လုပ်ရင်းတခါတည်း initialize ပါတွဲလုပ်တဲ့ ပုံစံပေါ့ ။

Example

#include <iostream>
using namespace std;

int main()
{
//initializing arrays
char c[]={'A','R','R','A','Y'};
int n[ 10 ] = { 2, 7, 4, 8, 5, 4, 9, 7, 6, 3 };

for ( int j = 0; j < 5; j++ )
cout << c[ j ] <<" ";
cout<<"---->";

for ( int i = 0; i < 10; i++ )
cout << n[ i ] <<" ";
cout<<endl;

cout<<"Element in character array[0] = "<<c[0]<<endl;
cout<<"Element in number array[0] = "<<n[0]<<endl;
return 0;
}

ရှင်းလင်းချက်

• Array ကို ကြေငြာမယ်ဆိုရင် လိုအပ်တဲ့ပုံစံ အတိုင်းပဲ type ရယ် array name ရယ် ပြီးတော့ [] (square brackts - လေးထောင့်ကွင်း ) ရယ်ပါပါမယ် ။ တခါတလေမှာ square brackets ထဲမှာ dimension တန်ဖိုးမပါပဲလည်းရေးလို့ရပါတယ် ။ ဥပမာ char c[] လိုပေါ့ ။ တခါတလေမှာတော့ square brackets ထဲမှာ တန်ဖိုးထည့်ရေးနိုင်ပါတယ် ။ ဥပမာ int n[ 10 ] လိုပေါ့ ။ ပြီးရင် = (equal sign) ခံပါတယ် ။ နောက်ပြီး ကြရင် {} (braces - တွန့်ကွင်း) ထဲမှာ ကိုယ်ထည့်ချင်တဲ့ တန်ဖိုး (characters , numbers ) တွေကို ကော်မာ ( , ) ခံပြီးရေးပေးရမှာပါ ။ ပြီးရင်တော့ ( ; ) နဲ့ပိတ် ပေးရပါမယ် ။ ဒါဆိုရင် arrays တွေကို declare လုပ်တာနဲ့ initialize လုပ်တာပြီးပါပြီ ။
• အောက်က for looping ၂ ခုကတော့ array ၂ ခုကို secreen မှာ ထုတ်ပြပေးဖို့ပါ ။ array မှာတော့ for looping တော်တော်သုံးပါတယ် ။ for loop ရဲ့အလုပ်လုပ်ပုံကိုနားလည်မှရမှာပါ ။
• အောက် က cout ၂ ခု ထုတ်ပေးထားတာကတော့ array မှာ elements တွေဘယ်လိုနေရာချလဲဆိုတာသိသာအောင်လို့ပါ ။ array မှာနေရာချရင် ၀ (သုည) ကနေစပြီးနေရာချတာပါ ။ အပေါ်က ဥပမာမှာ c[0] နဲ့ n[0] ကိုထုတ်ပေးထားပါတယ် ။ ကျွန်တော်တို့ initialize လုပ်ထားတဲ့ ပထမဆုံး ဂဏန်းတွေကို ထုတ်ပေးမှာဖြစ်ပါတယ် ။ ကျွန်တော်တို့မျက်စိနဲ့ကြည့်ပြီးရေတော့သာ ၁ ခု ၂ ခု ၃ ခု ဆိုပြီး elements တွေကိုရေနေပေမဲ့ array ကလက်ခံတဲ့အခါ ၀ ၊ ၁ ၊ ၂ ၊ ၃ ဆိုပြီး ရေတွက်ပါတယ် ။ မျက်စိလည်တက်ပါတယ် ။ မှတ်ထားရမှာပါ ။


Result


Initialize လုပ်တာနောက်ထပ်ပုံစံတစ်မျိုးဖြစ်တဲ့ အရင်ဆုံးကြေငြာပြီးနောက်ပြီးမှ နှစ်သက်ရာ value ကို user ကထည့်ပေးတဲ့ဥပမာ လေးထပ်ကြည့်ပါဦး ။

#include <iostream>
using namespace std;

int main()
{
int n,i,j;
int Num[100];
cout<<"How many numbers in arrays = ";
cin>>n;
for(i=0;i<n;i++)
{
cout<<"Enter Num["<<i<<"] = ";
cin>>Num[i];
}

cout<<"Your Array is = ";
for(j=0;j<n;j++)
{
cout<<Num[j]<<" ";
}
cout<<endl;
return 0;
}

ရှင်းလင်းချက်

• Program မှာသုံးမဲ့ variableတွေဖြစ်တဲ့ I,j,n တို့ကို ကြေငြာလိုက်ပါတယ် ။ ပြီးတော့ Num ဆိုတဲ့ array တစ်ခုကို elements ၁၀၀ အတွက်ဆိုပြီး ကြေငြာလိုက်ပါတယ် ။
• အရင်ဥပမာတုန်းကလို တစ်ခါတည်း value တွေထည့်ထားတာမျိုးမဟုတ်ပဲ Program ကိုသုံးမဲ့ user စိတ်ကြိုက် elements ဘယ်နှလုံးထည့်ချင်လဲဆိုတာမေးလိုက်ပါတယ် ။ user ကနေထည့်ပေးလိုက်တဲ့တန်ဖိုးကို variable n ထဲမှာထည့်ထားလိုက်ပါတယ် ။
• For looping စပြီးသုံးပါတယ် ။ i=0 ကနေပြီး i တန်ဖိုး က ယူဆာ ထည့်ပေးတဲ့ n ကိုရောက်တဲ့အထိ i<n တိုင်အောင် အလုပ်လုပ်ခိုင်းလိုက်ပါတယ် ။ ဘာလို့လဲဆိုတော့ array က 0 elements ကနေစလို့ပါပဲ ။ for loop ထဲမှာပါပဲ elements တစ်ခုချင်းစီ အတွက် တန်ဖိုးတွေကို user ကို ထည့်ပေးခိုင်းပါတယ် ။ အဲဒီထည့်ပေးလိုက်တဲ့တန်ဖိုးတွေကို array နဲ့ဖမ်းထားလိုက်ပါတယ် ။
• နောက် for loop တစ်ခုကတော့ ယူဆာထည့်ပေးတဲ့ array ကို ပြန်ပြပေးတာဖြစ်ပါတယ် ။

Result


Random Arrays

Arrays ရဲ့ elements တွေကို declare လုပ်ရင်တခါတည်း initialize လုပ်တာရှိတယ် ။ နောက်ပြီး ယူဆာ ရဲ့စိတ်ကြိုက် တန်ဖိုးတွေရိုက်ထည့်တာ ရှိတယ် ။ အခု ဟာကတော့ Ramdom ခေါက်ပြီးထည့်တာ ပါ ။ Ramdom ဆိုတာကတော့ ကံစမ်းမဲအတွက် ဂေါ်လီလုံးလေးတွေနှိုက်သလို ပါပဲ သူကျချင်တဲ့ ဂဏန်းတွေကျပါတယ် ။ arrays ရဲ့ elements တွေအတွက် တန်ဖိုးထည့်ရာမှာလည်း ဘယ်ကနေဘယ်အတွင်း က ဂဏန်းတွေ ကို random numbers ခေါက်ပေးပါလို့ပြောထားလို့ရပါတယ် ။ ဥပမာလေးကိုကြည့်ကြည့်ရအောင်။

Example

#include <iostream>
#include <stdlib>h>
using namespace std;
int main()
{
int a[10], b[3][4];
double d[10];

cout<<"First array : "<<endl;
for (int i=0;i<10;i++)
a[i]=rand()%400;

for (int i=0;i<10;i++)
cout<<a[i]<<" ";
cout<<endl;
cout<<endl;

cout<<"Second array : "<<endl;
for (int i=0;i<3;i++)
d[i]=rand()/32768>0;
for (int i=0;i<3;i++)
cout<<d[i]<<" ";
cout<<endl;
cout<<endl;
cout<<"Third array : "<<endl;
for (int i=0;i<3;i++)
for (int j=0;j<4;j++)
b[i][j]=rand()%100+1;

for (int i=0;i<3;i++)
{cout<<endl;
for (int j=0;j<4;j++)
cout<<b[i][j]<<" ";
}
cout<<endl;
cout<<endl;
return 0;
}

ရှင်းလင်းချက်

• Program ထဲမှာကျွန်တော်တို့ က rand() ဆိုတဲ့ဖန်ရှင်ကိုသုံးမှာဖြစ်လို့ သူနဲ့ပက်သက်တဲ့ header file ကိုဦးစွာကြေငြာပေးရပါမယ်။ rand ဖန်ရှင်ဟာ stdlib>h ရဲ့အောက်မှာရှိလို့ အပေါ်မှာသူ့ကိုကြေငြာပေးခဲ့ရပါမယ် ။
• Program မှာသုံးမဲ့ variables နဲ့ arrays တွေကို declare လုပ်ပါတယ် ။
• နောက် First Array ရဲ့အောက်မှာ for looping စသုံးပြီးတော့ array a[] ထဲကို ၀ ကနေ ၃၉၉ ထိဂဏန်းတွေကို random ခေါက်ပြီးထည့်လိုက်ပါတယ် ။ မျက်စိနည်းနည်းလည်သွားမယ်ထင်တယ် ။ rand ရဲ့ အလုပ်လုပ်ပုံကိုအောက်မှာတစ်ချက်ကြည့်ကြည့်ပါ ။
rand () -- ဆိုရင် 0 ကနေ infinity သူကျချင်ရာကျမှာပါ ။
rand ()% 400 - ဆိုရင် 0 ကနေ 399 အတွင်း ဂဏန်းတွေကို random ခေါက်ပေးမှာပါ ။
rand()%100+1 -- ဆိုရင် 1 ကနေ 100 အတွင်းဂဏန်းတွေကို random ခေါက်ပေးမှာပါ
rand()%50+1000 -- ဆိုရင်တော့ 1000 ကနေ 1050 အတွင်းက ဂဏန်းတွေကို random ခေါက်ပေးမှာဖြစ်ပါတယ် ။
ဒါကြောင့်မို့ ပ ထမ array မှာဆိုရင် elements တန်ဖိုး ကို ၁၀ လုံးပေးထားတဲ့အတွက် 0 ကနေ 399 ကြားမှာရှိတဲ့ ဂဏန်း ၁၀ လုံးပါဝင်မှာဖြစ်ပါတယ် ။
• ဒုတိယ arrays မှာကျတော့ elements ကို ၃ လုံးပဲထုတ်ခိုင်းထားတယ် ။ ဒါပေမဲ့ random ခေါက်လို့ရလာတဲ့တန်းဖိုးကို 32768>0 နဲ့တခါတည်းတန်းစားပြီး ရတဲ့ တန်ဖိုးကိုမှ array ထဲထည့်ခိုင်းထားပါတယ် ။ ပြီးတဲ့အခါမှ အဖြေထုတ်ပေးတဲ့အခါမှာတော့ ဂဏန်း ၃ လုံးကိုမြင်ရမှာဖြစ်ပါတယ် ။
• တတိယ array မှာတော့ two-dimension array တစ်ခုကို row 3 ခု column 4 ခုနဲ့ ကြေငြာပေးထားပါတယ် ။ သူ့ရဲ့ elements တွေအတွက်တော့ rand()%100+1 ဆိုတဲ့အတွက် ၁ ကနေ ၁၀၀ အတွင်း က ဂဏန်း ၁၂ ခုကို random ခေါက်ပေးခိုင်းထားတာဖြစ်ပါတယ် ။
ကျွန်တော် run ထားတဲ့အဖြေလေးကိုကြည့်ကြည့်ပါ ။ စာဖတ်သူ အနေနဲ့ကိုယ်တိုင် Run ကြည့်မယ်ဆိုရင်တော့ ကျွန်တော်ထွက်တဲ့အဖြေနဲ့တူချင်မှတူမှာပါ ။ ဘာလို့လဲဆိုတော့ random numbers တွေဟာတစ်ကြိမ်နဲ့တစ်ကြိမ်မတူညီိလို့ပါပဲ ။

Result



Finding MAXIMUM , MINIMUM , SUM , AVERAGE in Arrays

Arrays ထဲမှာရှိတဲ့ elements တွေရဲ့ အကြီးဆုံး elements တွေ အငယ်ဆုံး element တွေ ပြီးတော့ အဲဒီ elements တွေပေါင်းလဒ်တွေ ၊ပြီးတော့ အဲဒီ elements တွေရဲ့ ပျမ်းမျှ တန်ဖိုးတွေကိုရှာပေးနိုင်မဲ့ ဥပမာလေးတစ်ပုဒ်ကိုကြည့်ကြည့်ရအောင်ဗျာ ။

#include <iostream>
using namespace std;

int main()
{
int n,i,j,sum=0,max,min;
float avg;
int Num[100];
cout<<"How many numbers in arrays = ";
cin>>n;
for(i=0;i<n;i++)
{
cout<<"Enter Num["<<i<<"] = ";
cin>>Num[i];
}
cout<<"Your Array is = ";
for(j=0;j<n;j++)
{
cout<<Num[j]<<" ";
}
cout<<endl;
max=min=Num[0];
for(i=0;i<n;i++)
{
if(Num[i]>max)
max=Num[i];
if(Num[i]<min)
min=Num[i];

sum=sum+Num[i];

}
avg=sum/n;

cout<<"Maximum Number in Array is = "<<max<<endl;
cout<<"Minimum Number in Array is = "<<min<<endl;
cout<<"The Sum of elements in Array is = "<<sum<<endl;
cout<<"Average Number in Array is = "<<avg<<endl;

return 0;
}

ရှင်းလင်းချက်

• ထုံးစံအတိုင်းပဲ Program ထဲမှာသုံးမဲ့ variables (n , I ,j , max ,min , sum ,)တွေ နဲ့ array ကိုကြေငြာလိုက်ပေးလိုက်ပါတယ် ။
• ပြီးတဲ့အခါမှာတော့ အရင်က ဥပမာရေးပြခဲ့တဲ့အတိုင်းပဲ array မှာ elements ဘယ်နှလုံးပေးမလဲဆိုတာကို တောင်းပါတယ် ။ ပေးလိုက်ပြီဆိုရင် cin>>n; ဆိုပြီ ထည့်ထားလိုက်ပါတယ် ။ ပြီးတော့ for looping သုံးပြီးတော့ element တစ်လုံးချင်းစီအတွက်တန်ဖိုးတွေရိုက်ထည့်ပေးခိုင်းပါတယ် ။ နောက်ပြီး user ရဲ့ array ကို Your array is ဆိုပြီးပြန်ပြပေးလိုက်တယ် ။
• နောက်တဆင့်မှာတော့ max=min=Num[0]; ဆိုပြီး အကြီးဆုံးအငယ်ဆုံးကိန်းတွေဟာ Num ဆိုတဲ့ array ရဲ့ ပထမဆုံးကိန်းနဲ့ ညီပါတယ်ဆိုပြီး initialize လုပ်ထားလိုက်ပါတယ် ။
• For loop ကိုသုံးပြီး စ အလုပ်လုပ်ပါတော့မယ် ။ ပထမဆုံး for loop တစ်ပါတ်မှာ max နဲ့ min ထဲမှာ array ရဲ့ ပထမဆုံး element က ဝင်ပြီးသားဖြစ်လို့ ပထမအလုံးနဲ့ နောက်ထပ် ဒုတိယမြောက် element နဲ့တိုက်စစ်လိုက်ပါတယ် တကယ်လို့ ဒုတိယ element ဟာ ပထမ element ထက် ကြီးမယ်ဆိုရင် ဒုတိယ element ကို maximum နေရာလေးမှာပြောင်းထားလိုက်ပါတယ် ။ တကယ်လို့ ငယ်ခဲ့မယ်ဆိုရင်တော့ ဒုတိယ element ကို minimun ဆိုတဲ့နေရာလေးမှာပြောင်းထားလိုက်ပါတယ် ။
• အဲဒီအတိုင်းပဲ ဒုတိယ for looping တစ်ပတ်မှာ တတိယ elements နဲ့ ထပ်စစ်ပါတယ် ။ အဲလို နဲ့ ကြီးတာတွေ့ရင် max ထဲပြောင်းထည့်လိုက် ။ ပိုငယ်တာတွေ့ရင် min ထဲပြောင်းထဲ့လိုက်နဲ့ looping ပတ်လိုက်စစ်လိုက် လုပ်လိုက်တာ elements တွေအားလုံး ကုန်သွားတဲ့အခါမှာတော့ array ထဲကအကြီးဆုံး element ဟာ max မှာရှိနေပြီး ။ အငယ်ဆုံး element ကတော့min မှာရှိနေပါတယ် ။
• နောက် ပေါင်းလဒ်တွေကိုရှာ တဲ့အခါမှာတော့ sum=0; လို့ intialize လုပ်ပေးထားခဲ့ပြီး အောက်က for loop ထဲမှာတော့ sum=sum+Num[i]; လို့ရေးထားတဲ့အတွက် ။ sum=0+Num[0]; ကနေစပြီးပေါင်းလိုက်တာ element တွေ အားလုံးပြီးတဲ့အခါမှာ အားလုံးပေါင်းခြင်းတန်ဖိုး ဟာ sum ထဲမှာရောက်နေပါတယ် ။
• Average တန်ဖိုးကတော့ ရှင်းပါတယ် ။ elements တွေအားလုံးရဲ့ပေါင်းခြင်းတန်ဖိုးဖြစ်တဲ့ sum ကိုတည်ပြီး ၊ element အရေအတွက်ဖြစ်တဲ့ user ထည့်ပေးထားတဲ့ n တန်ဖိုးနဲ့စားပေးလိုက်တဲ့အခါမှာ average တန်ဖိုးရလာတာပါ ။
• အားလုံးလုပ်ဆောင်ပြီးတဲ့အခါမှာ အကြီးဆုံးတန်ဖိုး ၊ အငယ်ဆုံးတန်ဖိုး ၊ ပေါင်းခြင်းတန်ဖိုး ၊ နဲ့ပျမ်းမျှ တန်ဖိုးတို့ကို အသီးသီး secreen မှာထုတ်ပေးလိုက်ပါတယ် ။
Result ကို ကြည့်ကြည့်လိုက်ရင် ပိုပြီးနားလည်သွားမယ်ထင်ပါတယ် ။

Result



How to know Size Of Arrays

Arrays တွေရဲ့ size (သို့) array မှာ elements ဘယ်လောက်ပါဝင်လဲဆိုတာကို အလွယ်တကူသိနိုင်ပါတယ် ။ အဲလိုသိဖို့ အတွက် sizeof အော်ပရေတာကိုသုံးရပါတယ် ။ အောက်ကဥပမာလေးကိုကြည့်ကြည့်ပါ ။

#include<iostream>
using namespace std;
int main()
{
int a[]={1,2,3,4,5,6,11,16,12,2,2,4,6,7,8,9,0,12,-3,5,1,1,100,23,65,90};
char b[]={'O','n','O','u','r','H','a','n','d','s'};
int nArraySize,cArraySize;
nArraySize=sizeof a/sizeof(int); //total size of array/size of array data type

cArraySize=sizeof b/sizeof(b[0]);
cout<<"size Of NumberArray is = "<<nArraySize<<endl;
cout<<"size Of CharacterArray is = "<<cArraySize<<endl;

int min=a[0];
int max=a[0];
for(int i=0;i<nArraySize;i++)
{
if(max<a[i]) max=a[i];
if(min>a[i]) min=a[i];
}
cout<<"Maximum Element in NmuberArray is = "<<max<<endl;
cout<<"Minimun Element in NmuberArray is = "<<min<<endl;
return 0;
}

ရှင်းလင်းချက်

• int a[]={1,2,3,4,5,6,11,16,12,2,2,4,6,7,8,9,0,12,-3,5,1,1,100,23,65,90};
char b[]={'O','n','O','u','r','H','a','n','d','s'};
arrays 2 ခုကို declareation နဲ့ initialization တခါတည်းလုပ်လိုက်ပါတယ် ။ ပြီးတော့size တွေကိုသိဖို့အတွက် variables နှစ်ခုကို ပါ declare လုပ်ပေးလိုက်ပါတယ် ။
• အပေါ်မှာ ကျွန်တော် သုံးခဲ့ arrays ၂ ခုရဲ့ size (သို့) element ဘယ်နှခု ပါသလဲဆိုတာ သိချင်တယ် ။ အဲဒီအတွက်ကြောင့် sizeof array/sizeof array(type) ဆို ပြီး sizeof Operator ကိုသုံးပြီးရှာလိုက်ပါတယ် ။ Program မှာတော့ sizeof a/sizeof a(int); ဆိုပြီးရေးထားပါတယ် ။ အဲလိုမျိုးသုံးလို့ရသလို sizeof a/ sizeof (a[0]); ဆိုတဲ့ပုံစံမျိုးလည်း သုံးနိုင်ပါသေးတယ် ။ အဲဒီ ၂ ခုကတူတူပဲဖြစ်ပါတယ် ။
• နောက် character array အတွက် size ကိုလည်း အပေါ်ကနည်းအတိုင်း ပဲ sizeof b/sizeof (char); လို့ရေးပြီးရှာနိုင်သလို sizeof b/sizeof(b[0]); လို့ရေးပြီးလည်းရှာနိုင်ပါတယ် ။
• Arrays ၂ ခုရဲ့ size တွေကို သိသာအောင် secreen မှာထုတ်ပေးလိုက်ပါတယ် ။
• ပြီးတဲ့အခါမှာတော့ အရင်ဥပမာတုန်းကတိုင်းပဲ max နဲ့ min ကို intialize လုပ်လိုက်တယ် ။ ပြီးတော့ i=0 ကနေ အခုနကရှာထားတဲ့ size အထိ looping ပတ်ပြီး Maximun နဲ့ minimun တန်ဖိုးတွေကိုရှာပေးလိုက်ပါတယ် ။အပေါ်ဥပမာနဲ့တူတူမို့ အကျဉ်းချုပ်ပြောလိုက်တာပါ ။ ဒီဥပမာ က sizeof သုံးပြီး array တွေရဲ့ size ရှာတာ ကို အဓိကပြောချင်တာပါ ။

Result



Sorting in Arrays

အခု Arrays တွေမှာ elements တွေကို sorting လုပ်တဲ့နည်းကို ဥပမာလေးနဲ့ဆွေးနွေးပေးပါမယ် ။ အောက်ကဥပမာလေးကိုကြည့်ကြည့်ပါ။
#include<iostream>
using namespace std;
int main()
{
int i;
int j,n;
int tmp;
int arr[]={6,3,9,8,4,8,9,4,2,9,4,8,1,5,2};
n=sizeof arr/sizeof(int);
cout<<"Before Sorting ---> ";
for(j = 0; j < n; j++)
{
cout<<arr[j]<<" ";
}
cout<<endl;
//start sorting ascending
for(i = 0; i <= n-1; i++)
{
for(j = 0; j <= n-2-i; j++)
{
if( arr[j]>arr[j+1] )
{
tmp = arr[j];
arr[j] = arr[j+1];
arr[j+1] = tmp;
}
}
}
//For Output
cout<<"After Sorting(Ascending) ---> ";
for(j = 0; j < n; j++)
{
cout<<arr[j]<<" ";
}
cout<<endl;

//start sorting decending
for(i = 0; i <= n-1; i++)
{
for(j = 0; j <= n-2-i; j++)
{
if( arr[j]<arr[j+1] )
{
tmp = arr[j];
arr[j] = arr[j+1];
arr[j+1] = tmp;
}
}
}
//For Output
cout<<"After Sorting(Decending) ---> ";
for(j = 0; j < n; j++)
{
cout<<arr[j]<<" ";
}
cout<<endl;

return 0;
}

ရှင်းလင်းချက်

• အရင်ဥပမာတွေတုန်း ကဆွေးနွေးခဲ့တဲ့တိုင်းပါပဲပထမဆုံးလိုအပ်တာတွေကို declare လုပ်တယ် array ရဲ့ size ကိုရှာမယ် ။ ပြီးတော့ looping ပတ်ပြီး sorting မစီရသေးခင် array ကိုထုတ်ပြမယ် ။ ဒီအထိက အရင်ဥပမာတွေတိုင်းပါပဲ ။
• Start sorting ဆိုတဲ့ အစိမ်းရောင်လေးနဲ့ ကွန့်မန့်ပေးထားတဲ့နေရာလေးကစပြီး array ထဲက elements တွေကို sorting စီမှာဖြစ်ပါတယ် ။ sorting စီတဲ့နေရာမှာ bubblesort နည်းကိုသုံးပြီးစီမှာဖြစ်ပါတယ် ။ program ထဲမှာတော့ for loop ၂ ခုသုံးပြိးရေးထားတယ် ပြီးတော့ i<n-1 တွေရော i<n-2-i တွေရောဆိုတော့ နည်းနည်းရှုပ်သလိုလိုပါပဲ ။ ဒါပေမဲ့ bubble sort ရဲ့ စီတဲ့ပုံကို ကြည့်ရင် နားလည်လွယ်မှာပါ ။ ကျွန်တော့် ပေးထားတဲ့ array မှာက element 15 လုံးရှိပါတယ် အားလုံးစီပြရင်တော့ အရှည်ကြိးဖြစ်နေမှာမို့ ရှေ့ ၅ လုံးပဲစီပြပါ့မယ် ။ ငယ်စဉ်ကြီးလိုက်စီမှာဖြစ်လို့ ရှေ့နောက် ဂဏန်း ၂ လုံးကို နှိုင်းယှဉ်ပြီး ငယ်တဲ့ဟာကိုရှေ့ကိုပို့မှာပါ ။
6 3 9 8 4
၃ ၆ 9 8 4
3 ၆ ၉ 8 4
3 6 ၈ ၉ 4
3 6 8 ၄ ၉
ဒါဆိုရင်Looping တစ်ပါတ်ပြည့်မှာပါ ။ နှိုင်းယှဉ်ပြီး ချိန်းတဲ့ ဂဏန်းတွေကိုကျွန်တော်မြန်မာလိုရေးပြထားပါတယ် ။ အခုနောက်ထပ်တစ်ပါတ် ထပ်ပတ်မှာဖြစ်ပါတယ် ။
3 6 8 4 9
၃ ၆ 8 4 9
3 ၆ ၈ 4 9
3 6 ၄ ၈ 9
3 6 4 ၈ ၉
ဒါဆိုရင် ဒုတိယတစ်ပါတ်ပြိးပါပြီ ။
3 6 4 8 9
၃ ၆ 4 8 9
3 ၄ ၆ 8 9
3 4 ၆ ၈ 9
3 4 6 ၈ ၉

ဒါဆိုရင် ပြီးသွားပါပြီ ။ ၆ ၃ ၉ ၈ ၄ ဆိုတဲ့ ဂဏန်း ၅ လုံးကနေ ၃ ၄ ၆ ၈ ၉ ဆိုပြီး ငယ်စဉ်ကြီးလိုက် ဂဏန်းတွေ စဉ်ပြီးသားဖြစ်သွားပါပြီ ။ တကယ်လို့ ကြီးရာကနေငယ်တဲ့ ကြီးစဉ်ငယ်လိုက်စီမယ်ဆိုလည်း ကြီးတဲ့ဂဏန်းကို ရှေ့ပို့ သွားတာပါ ။ ဒါကြောင့် ascending နဲ့ decending စီဖို့ အတွက်ရေးတဲ့အခါမှာ if (arr[j] < arr[j+1]) ဆို ပြီး > (greater than) နဲ့ < (less than) ဆိုတဲ့ sign လေး ၂ ခုပဲကွာသွားတာပါ ။
• Ascending Sorting အတွက် For Loop တစ်ခုသုံးတယ်ပြီးတော့ OutPut ပြဖို့အတွက် For Loop တစ်ခါထပ်သုံးတယ် ။ စတဲ့နေရာတွေကိုသိသာအောင်လို့ ကွန့်မန့်လေးတွေနဲ့ //start sorting Ascending စသည်ဖြင့်ရေးပြထားပါတယ် ။
• Decending Sorting အတွက်လည်းပဲ Ascending လိုပါပဲ ။ sorting စီတဲ့ For loop လေးကိုသေချာပြန်ကြည့်ကြည့်ပါ ။ နားလည်ပါလိမ့်မယ် ။


Result


Arrays မှ စုံဂဏန်းများ ၊ မဂဏန်းများ ၊ အနှုတ်ကိန်းများ ၊ အပေါင်းကိန်းများ ကိုရှာဖွေခြင်း

Arrays တွေနဲ့အလုပ်လုပ်ရာမှာ Looping တွေကိုအသုံးပြုပါတယ် ။ အဲဒီ Loop တွေထဲမှာ စစ်ဆေးတဲ့ condition လေးတွေထည့်ပြီးကိုယ် လိုချင်တဲ့ elements လေးတွေချည်းပဲ ထုတ်နှုတ်ပြီးယူ လို့ရပါတယ် ။ အခု ဆွေးနွေးမှာကတော့ Array တစ်ခုကနေပြိးတော့ အပေါင်းကိန်း၊ အနှုတ်ကိန်းတွေ ၊ စုံကိန်းမကိန်းတွေ ထုတ်နှုတ်ပြီးယူတဲ့ပုံစံလေးပဲဖြစ်ပါတယ် ။

Example

#include<iostream>
using namespace std;
int main()
{
int i;
int j,n;
int tmp;
int arr[]={6,3,9,8,4,-8,9,4,2,9,-4,8,1,5,2,0,-23,-3,4,22,35};
n=sizeof arr/sizeof(int);
cout<<"Natural Numbers in Array -----> ";
for(i=0;i<n;i++)
{
if(arr[i]>=0)
cout<<arr[i]<<" ";

}
cout<<endl;
cout<<"Sorting Natural Numbers(ascending)-----> ";
for(i = 0; i <= n-1; i++)
{
for(j = 0; j <= n-2-i; j++)
{
if( arr[j]>arr[j+1] )
{
tmp = arr[j];
arr[j] = arr[j+1];
arr[j+1] = tmp;
}
}
}
for(j = 0; j < n; j++)
{
if(arr[j]>=0)
cout<<arr[j]<<" ";
}
cout<<endl;
cout<<"Negative Numbers in Array -----> ";
for(i=0;i<n;i++)
{
if(arr[i]<=0)
cout<<arr[i]<<" ";

}
cout<<endl;
cout<<"Even Numbers in Array----> ";
for(j = 0; j < n; j++)
{
if(arr[j]%2==0)
cout<<arr[j]<<" ";
}
cout<<endl;
cout<<"Odd Numbers in Array----> ";
for(j = 0; j < n; j++)
{
if(arr[j]%2!=0)
cout<<arr[j]<<" ";
}
cout<<endl;
int max=arr[0];
cout<<"Largest Even Numbers in Array----> ";
for(j = 0; j < n; j++)
{
if((arr[j]%2==0)&&(arr[j]>max))
max=arr[j];

}
cout<<max<<endl;

return 0;
}


ရှင်းလင်းချက်

• အပေါ်ကဥပမာ Program လေးမှာဆိုရင် Natural Number ရှာပေးတာ ၊ Negative Nuber ရှာပေးတာ ၊ Even Number ရှာပေးတာ ၊ Odd Numbers ရှာပေးတာ ၊ နောက်ပြီး Even Numbers တွေထဲကအကြီးဆုံးကိန်း ရှာပေးတာဆိုပြီး အပိုင်း ၅ပိုင်းကို သူ့အပိုင်းလေးနဲ့သူရေးထားပါတယ် ။
• ပထမဆုံးကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ Program မှာသုံးမဲ့ variables တွေ နဲ့ array ကို declare လုပ်ပါမယ် ။ array ရဲ့ Size ကိုရှာပေးပါမယ် ။ ပြီးရင် Natural Numbers တွေကိုရှာပေးပါမယ် ။ Natural Numbers ဆိုတာကတော့သိပြီးတဲ့အတိုင်းပါပဲ 0 (သုည) ကနေပြီး infinity (အဆုံးမရှိ) ဂဏန်းတွေထိကို Natural Numbers လို့ခေါ်တာပါ ။ သုညနဲ့သုညထက်ကြိးတဲ့ဂဏန်းအားလုံးကို array ထဲကနေ ပြီး ထုတ်ပေးမှာပါ ။ အဲဒါကြောင့် ပထမဆုံး array ထဲ က elements အားလုံးကိုအလုပ်လုပ်နိုင်ဖို့ For (i=0;i<n;i++) ဆိုပြီး Looping သုံးလိုက်ပါတယ် ။ ပြီးတော့ Looping ထဲမှာ ပဲ if(arr[j]>=0) ဆိုပြီး ကျွန်တော်တို့လိုချင်တဲ့ Condition လေးတစ်ခုနဲ့ စစ်လိုက်ပါတယ် ။ array arr ထဲမှာပါတဲ့ elements တွေထဲက သုည နဲ့ သုညထက်ကြိးတဲ့ ဂဏန်းတွေပါရင်တော့ထုတ်ပေးပါလို့ခိုင်းလိုက်တာပါ ။
• နောက်တစ်ပိုင်း ကတော့ အဲဒီ Natural Numbers တွေကို Sorting အနေနဲ့စီပြီးထုတ်ပေးခိုင်းတာပါ ။
• တတိယတစ်ပိုင်းဖြစ်တဲ့ cout<<”Negative Numbers in Array --” ; ဆိုတဲ့နေရာကစပြိးတော့ Negative (အနှုတ်) တန်းဖိုးဂဏန်းတွေကို Arrays ထဲကနေ ထုတ်ယူပေးဖို့ရေးထားတာပါ ။ အနှုတ်တန်ဖိုးဆိုတာကတော့ 0 (သုည) အောက်ငယ်သောဂဏန်းအားလုံးပါ ။
• Cout<<”Even Numbers in Array--”; ဆိုတဲ့ Line ရဲ့အောက်ကအပိုင်းကတော့ စုံကိန်းတွေကို array ကနေ ထုတ်နှုတ်ပေးဖို့ရေးထားတာပါ ။ စုံကိန်းဆိုတာကတော့သိပြီးတဲ့တိုင်းပါပဲ ၂ နဲ့စားပြီး ပြတ်တဲ့ကိန်း (အကြွင်း သုည) အားလုံးကို စုံကိန်းလို့ခေါ်တာပါ ။ အပေါင်းကိန်းရော အနှုတ်ကိန်းပါ အကျုံးဝင်ပါတယ် ။ ဒါကြောင့်မို့ for Looping ထဲမှာ arr[j]%2==0 လို့ရေးထားတာပါ ။ % (mod) အကြွင်းယူတဲ့ Operator ပါ ။ Operators တွေအကြောင်းဆွေးနွေးတုန်းကရေးခဲ့ဖူးပါတယ် ။
• Cout<<”Odd Numbers in Array -- ”; ဆိုတဲ့Line အောက်ကအပိုင်းကတော့ မကိန်းတွေ ကို array ကနေ စစ်ထုတ်ပေးဖို့ရေးထားတာပါ ။ မကိန်းဆိုတာကတော့ ၂ နဲ့စားလို့မပြတ်တဲ့ကိန်းတွေကိုခေါ်တာပါ ။ ဒါကြောင့် arr[j]%2!=0 ဆိုပြိး condition ပေးထားတာပါ ။
• နောက်ဆုံးတစ်ပိုင်းကတော့ Even Numbers တွေထဲကနေ ပြီးတော့အကြီးဆုံးကို ရှာပေးမဲ့ အပိုင်းပါ ။ array ထဲမှာရှိတဲ့ elements တွေထဲကနေ ကျွန်တော်တို့လိုချင်တဲ့ဟာ က အခြေနေ ၂ ခုနဲ့ ထုတ်ယူရမှာပါ ပထမ စုံကိန်းလည်းဖြစ်ရမယ် ။ ဒုတိယ စုံကိန်းတွေထဲက အကြီးဆုံးကိန်းလည်းဖြစ်ရမယ် ။ အဲဒါကြောင့် if((arr[j]%2==0)&&(arr[j]>max)) ဆိုပြီး Condition ၂ ခုကို && (AND Operator) နဲ့ဆက်ပေးထားတာပါ ။ ရလာမဲ့ Result ကိုကြည့်ကြည့်ပါ ။


Result




Array and Pointer

Array နဲ့ Pointer အကြောင်းကို Pointer အကြောင်းဆွေးနွေးတုန်းကလည်း တစ်ခါဆွေးနွေးခဲ့ဖူးပါတယ် ။ အဲဒီတုန်း က array အကြောင်းမပြောရသေးတော့ ချန်လှန်ထားခဲ့တာတွေရှိခဲ့ပါတယ် ။ ဒါကြောင့်ဒီမှာထပ်ပြီးဆွေးနွေးလိုက်ပါတယ် ။ Array တွေကို Pointer နဲ့ point လုပ်တဲ့အခါမှာ Array ရဲ့ ပထမဆုံး element ဖြစ်တဲ့ array[0] ကိုပဲ Point လုပ်နိုင်ပါတယ် ။ ဒါလေးကိုသတိထားမိဖို့လိုပါတယ် ။ အရင်ပေးခဲ့တဲ့ ဥပမာနဲ့ပဲပြန်ရှင်းပြလိုက်ပါတယ် ။ ကြည့်ကြည့် ပါ ။


Example

#include<iostream>
using namespace std;
int main()
{
//declare and initialization of array
int iArray[5]={1,2,3,4,5};
char chArray[]="OnOurHands";

//declare Pointers
int *iPtr;
char *chPtr;

//Point Array
iPtr=iArray;
chPtr=chArray;

//deference and Output Pointer
cout<<*iPtr<<endl;
cout<<*chPtr<<endl;

//If you want to output all Elements , do like that
cout<<*(iPtr);
cout<<*(iPtr+1);
cout<<*(iPtr+2);
cout<<*(iPtr+3);
cout<<*(iPtr+4)<<endl;

for(int i=0;i<10;i++)
{
cout<<*(chPtr+i);
}
cout<<endl;
return 0;

}

Array တွေ Declare လုပ်တယ် ။ ပြီးတော့ Pointers တွေ Declare လုပ်တယ် ။ Arrays တွေကို Pointer တွေနဲ့ Point လုပ်လိုက်တယ် ။ အဲဒါတွေပြီးတော့ cout<<*iPtr<<endl; cout<<*chPtr<<endl; ဆိုပြီး Pointers တွေ Derefence လုပ်ပြီး Output ထုတ်ပေးလိုက်တဲ့အခါ မှာ 1 ရယ် O (အို) ရယ်ဆိုပြီး Array ၂ ခု ရဲ့ ပထမဆုံး Element ၂ ခု ထွက်လာတာကိုတွေ့ပါလိမ့်မယ် ။ ဒါဆိုရင် Pointer တွေ က Arrays တွေရဲ့ ပထမဆုံး Element ကိုသာ Point လုပ်နိုင်တယ်ဆိုတာ သဘောပေါက်လောက်ပါပြီ ။ နောက်မှာရေးထားတာတွေကတော့ ကျွန်တော်တို့ က ပထမဆုံး Element တင်မဟုတ်ပဲ Array တစ်ခုမှာရှိတဲ့ Elements တွေကို Pointer နဲ့ထုတ်ပေးချင်တဲ့အခါ Pointer Arithmetic ကိုသုံးပြီး ထုတ်ပေးတဲ့ပုံစံ ရေးပြထားတာပါ ။ အဲဒါကြောင့် ပထမ Integer Array အတွက်
1 2 3 4 5 နောက် Array အတွက် OnOurHands ဆိုပြီး Elements အားလုံးထွက်လာတာပါ ။

Example 2

Example 2 မှာတော့ elements တွေကြိုတင်ထည့်မထားခင် ponter နဲ့ ကြိုပြီး Point လုပ်ထားပြီးမှ elements တွေကိုထည့်တဲ့ပုံစံလေးပါ။ အရင် array initialize လုပ်တာဆွေးနွေးတုန်းကတစ်ခါ ဆွေးနွေးခဲ့ဖူးပါတယ် ။ အဲဒီပုံစံနဲ့ နည်းနည်းလေးပဲကွာပါတယ် ။
လေ့လာကြည့်ပါ ။

#include <iostream>
using namespace std;
void main()
{
int Count,*arr;

cout<<"How many numbers in Array : ";
cin>>Count;
arr=new int[Count];
for(int i=0;i<Count;i++)
{
cout<<"Enter arr ["<<i<<"] : ";
cin>>arr[i];
}

cout<<"Your Array is : ";
for(int i=0;i<Count;i++)
{
cout<<arr[i]<<" ";
}
cout<<endl;
}

ရှင်းလင်းချက်

• int Count,*arr; မှာ ယူဆာ ကထည့်ပေးတဲ့ elements ဘယ်နှလုံးလဲဆိုတာကို ဖမ်းပေးဖို့ count ကို integer type အဖြစ်ကြေငြာတာဖြစ်ပြီးတော့ *arr ဆိုတာကတော့ pointer array တစ်ခုအဖြစ်ကြိုပြီး ကြေငြာထားတာပါ ။
• cout<<"How many numbers in Array : ";
cin>>Count;
မှာ စပြီးတော့ Program User ကိုမေးလိုက်ပါတယ် array ထဲကို ဂဏန်းဘယ်နှလုံးထည့်မလဲပေါ့ ။ User ထည့်လိုက်တဲ့ ဂဏန်းကို variable Count ထဲမှာသိမ်းထားလိုက်ပါတယ် ။
• arr=new int[Count]; ဆိုတာကတော့ ယူဆာကထည့်လိုက်တဲ့ element အရေအတွက်နဲ့ array တစ်ခုတည်ဆောက်ပြီး Point လုပ်လိုက်တဲ့သဘောပါ ။ ဥပမာ Program User ကနေ array ထဲမှာ elements ၁၀ လုံးလို့ ရိုက်ပေးလိုက်တယ်စိုပါ့စို့ ။
arr = new int[10]; ဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ် အဲဒါကတော့ Pointer array တစ်ခုဖြစ်တဲ့ arr မှာ elements ၁၀ ခုပါဝင်တယ် ။ int arr[10]; ဆိုတဲ့သဘောမျိုးဖြစ်သွားပါတယ် ။ ဘာလို့ကျွန်တော်တို့ က ဒီလိုတန်းမရေးပဲ Pointer array နဲ့ရေးလည်းဆိုတော့ User ကနေ ရိုက်ပေးမဲ့ Count ဆိုတဲ့တန်ဖိုး ကို ကြိုမသိပါဘူး ။ ၁၀ ဖြစ်ချင်လည်းဖြစ်မယ် ။ ၅ ဖြစ်ချင်လည်းဖြစ်မယ် ။ ၁၀၀ ဖြစ်ချင်လည်းဖြစ်မယ် ။ အဲလိုသူ့စိတ်ကြိုက် ပေးနိုင်အောင်လို့ အရှင်ဖြစ်အောင်လို့ Pointer array ကိုသုံးပြီးရေးပေးတာဖြစ်ပါတယ်။
• for(int i=0;i<Count;i++)
{
cout<<"Enter arr ["<<i<<"] : ";
cin>>arr[i];
}
မှာတော့ i = 0 ကနေ i < Count (User ရိုက်ထည့်ပေးမဲ့တန်ဖိုး) ထိ Looping ပတ်ပြိး Array ထဲကို elements တွေထည့်သွားမှာဖြစ်ပါတယ် ။ Looping ပထမတစ်ပါတ် i = 0 ဖြစ်တဲ့အချိန်မှာ Enter arr[0] : -- လို့တောင်းမှာဖြစ်ပြီးတော့ ရိုက်ထည့်ပေးလိုက်တဲ့တန်ဖိုးကို arr[0] အဖြစ်သိမ်းဆည်းသွားမှာဖြစ်ပါတယ် ။


• cout<<"Your Array is : ";
for(int i=0;i<Count;i++)
{
cout<<arr[i]<<" ";
}
ကတော့ User ထည့်ထားတဲ့ elements တွေကို Secreen မှာ ပြန်ပြပေးဖို့ရေးပေးထားတာဖြစ်ပါတယ် ။

ကျွန်တော်ဆွေးနွေးတာ က အကုန်ဖြစ်ချင်မှဖြစ်မှာပါ ။ ဒါပေမဲ့ဒီဥပမာ ၂ ခုနဲ့ဆိုရင် Pointer နဲ့ Array ကိုအခြေခံ လောက်တော့ နားလည်လိမ့်မယ်လို့ထင်ပါတယ် ။


Array And Function

တခါတရံမှာ array တွေကို function ရဲ့ Parameter အဖြစ် ရေးဖို့လိုအပ်လာနိုင်ပါတယ် ။ အဲလို array တွေကို function မှာ parameter အဖြစ်သုံးမယ်ဆိုရင်တော့ function ကြေငြာတဲ့အခါမှာ void MyFunction(int arg[]) ဆိုပြီး parameter နေရာမှာ arg နဲ့ [] (square bracket) ထည့်ပေးရမှာပါ ။ အဲဒီ arg[] ဟာ int MyArray[50]; စတဲ့ Integer array မှာပါတဲ့ elements အားလုံးကို pass လုပ်ပေးမှာဖြစ်ပါတယ် ။ တကယ်လို့ char arg[] အဖြစ် ကြေငြာတယ်ဆိုရင်တော့ character array ကို pass လုပ်ပေးမှာဖြစ်ပါတယ် ။ arg ဆိုတာ argument ကိုဆိုလိုတာပါ ။ တကယ်လို့ arg[] နေရာမှာ x[] ဒါမှမဟုတ် myarray [] ဆိုလည်း အလုပ်လုပ်မှာဖြစ်ပါတယ် ။

Example
// arrays as parameters
#include <iostream>
using namespace std;

void printarray (int arg[], int length)
{
for (int n=0; n<length; n++)
cout << arg[n] << " ";
cout << "\n";
}

int main ()
{
//Declare array
int firstarray[] = {5, 10, 15};
int secondarray[] = {2, 4, 6, 8, 10};
//calling function
printarray (firstarray,3);
printarray (secondarray,5);
return 0;
}


ရှင်းလင်းချက်

• Main Function ထဲမှာ
int firstarray[] = {5, 10, 15};
int secondarray[] = {2, 4, 6, 8, 10}; ဆိုပြီး array ၂ ခုကို declare လုပ်ပေးထားပါတယ် ။
• ပြီးတဲ့အခါမှာတော့ printarray (firstarray,3); ဆိုပြီး printarray ဆိုတဲ့ Function ကို call ခေါ်လိုက်ပါတယ် ။ အဲလို call ခေါ်လိုက်တဲ့ အခါမှာ firstarray ထဲမှာရှိတဲ့ elements အားလုံး ကို arg[] က ကော်ပီယူ ၊ 3 ကို length ဆိုတဲ့ parameter ကကော်ပီ ယူပြီး printarray ဖန်ရှင်မှာ passလုပ်ပေးပါတယ် ။
• ဒါကြောင့် printarray ဖန်ရှင်မှာ for (int n=0; n<length; n++) လို့ပြောထားတဲ့အတွက် n တန်ဖို ၀ ကနေ firstarray ရဲ့ length တန်ဖိုး ၃ ထိ looping ပတ်ပေးမှာဖြစ်ပါတယ် ။ cout << arg[n] << " "; ဆိုတဲ့အတွက် firstarray မှာပါတဲ့ elements ၃ ခုကို ထုတ်ပေးသွားမှာဖြစ်ပါတယ် ။
• Secondarray ကမှာလည်း firstarray အလုပ်လုပ်တဲ့အတိုင်းတူတူပဲဖြစ်ပါတယ် ။ ဒီလောက်ဆို နားလည်မယ်ထင်ပါတယ် ။


Two-Dimensional Array (or) Matrix

Two-Dimensional Array ဒါမှမဟုတ် Matrix ဆိုတာ Array တစ်ခုပါပဲ ။ ဥပမာ
Int TwoDimension [6][6];
One-dimension တုန်းကလို array မျိုး ၆ ခုပါဝင်ပါမယ် ။ [6][6] မှာ ပထမ 6 သည် အတန်း (row)တန်ဖိုးဖြစ်ပြီး ၊ ဒုတိယ 6 သည် အတိုင် (column) တန်ဖိုး ဖြစ်ပါတယ် ။ နောက်တစ်မျိုး အနေနဲ့ဆိုရင်တော့ နောက်ကအရေတွက်သည် element အရေတွက် ၊ ရှေ့ကတန်ဖိုးသည် အတန်းအရေတွက်တန်းဖိုး ၊ တစ်တန်းမှာ elements ၆ ခုပါဝင်မဲ့ ၆ တန်းပါဝင်မယ်လို့ဆိုလိုတာပါ ။ Matrix နဲ့ပက်သက်လို့ လုပ်ဆောင်နိုင်မဲ့ Process လေးတွေကို ကျွန်တော်သိသလောက်ရေးထားတာပါ တခါတည်းပဲ ရေးထားပါတယ် ။ လေ့လာကြည့်ပါ

Example

#include<iostream>
#include<cmath>
using namespace std;
int main()
{
int i,j,k;
int Arr[6][6];

//***********************************************************************
//Input your 2dimensional-array by keyboard
//***********************************************************************
for(i=0;i<6;i++)
for(j=0;j<6;j++)
{
Arr[i][j]=(i+j)-2;
}
cout<<endl;
//Result your matrix
cout<<"1>Your Original Matrix : "<<endl;
for(i=0;i<6;i++)
{
cout<<endl;
for(j=0;j<6;j++)
{
cout<<Arr[i][j]<<" ";

}
}
cout<<endl;

//***********************************************************************
//Sorting your Matrix
//***********************************************************************
cout<<"\n2>After Sorting : "<<endl;
int tempElement;
for (i=0;i<6;i++)
for (j=0;j<6;j++)
for (k=0;k<6;k++)
if (Arr[i][j]>Arr[i][k])
{
tempElement=Arr[i][j];
Arr[i][j]=Arr[i][k];
Arr[i][k]=tempElement;
}
cout<<endl;
for(i=0;i<6;i++)
{
cout<<endl;
for(j=0;j<6;j++)
{
cout<<Arr[i][j]<<" ";

}
}
cout<<endl;

//***********************************************************************
// Delete Column with Largest Element
//***********************************************************************
cout<<"\n3>After Delete Column with Largest Element : "<<endl;
int jmax; // to store no of column with largest element
int max; //to store largest element
int b[6][5];
max=Arr[0][0];
jmax=0;

for (i=0;i<6;i++)
for (j=0;j<6;j++);
if (Arr[i][j]>max) // find largest number
{max=Arr[i][j];jmax=j;}

for (i=0;i<6;i++)
for (j=0;j<5;j++)
if (j>=jmax) //find no of column with largest number
b[i][j]=Arr[i][j+1];
else
b[i][j]=Arr[i][j];

cout<<endl;
for (i=0;i<6;i++)
{ cout<<endl;
for (j=0;j<5;j++)
cout<<b[i][j]<<" ";
}
cout<<endl;

//***********************************************************************
// Delete Column with Largest Element
//***********************************************************************
cout<<"\n4>After Changing Row with maximum and minimum element : "<<endl;

int c[6][6],min;
int imax, imin;
max=Arr[0][0];
imax=1;
min=Arr[0][0];
imin=1;
// Find maximum and minimum elements in row
for (i=0;i<6;i++)
for (j=0;j<6;j++)
{
if (Arr[i][j]>max) {max=Arr[i][j];imax=i;}
if (Arr[i][j]<min) {min=Arr[i][j];imin=i;}
}
// Change Row
if (imin!=imax)
{
for (j=0;j<6;j++)
{
tempElement=Arr[imin][j];
Arr[imin][j]=Arr[imax][j];
Arr[imax][j]=tempElement;
}
}
// Output Matrix
cout<<endl;
for (i=0;i<6;i++)
{ cout<<endl;
for (j=0;j<6;j++)
cout<<Arr[i][j]<<" ";
}
cout<<endl;



//***********************************************************************
// Create next Matrix
//***********************************************************************
cout<<"\n5>Next Matrix : "<<endl;
// Next Matrix

for (i=0;i<6;i++)
for (j=0;j<6;j++)
if (j<=i) c[i][j]=6-i+j; else c[i][j]=0;

// OutPut Next Matrix
cout<<endl;
for (i=0;i<6;i++)
{ cout<<endl;
for (j=0;j<6;j++)
cout<<c[i][j]<<" ";
}
cout<<endl;

//***********************************************************************
//Multiplacation of original and next matrix
//***********************************************************************
cout<<"\n6>Multiplication Matrix : "<<endl;
int d[6][6];
for (i=0;i<6;i++)
for (j=0;j<6;j++)
{
d[i][j]=0;
for (k=0;k<6;k++)
d[i][j]=d[i][j]+Arr[i][k]*c[k][j];
}
// Output Result
cout<<endl;
for (i=0;i<6;i++)
{ cout<<endl;
for (j=0;j<6;j++)
cout<<d[i][j]<<" ";
}
cout<<endl;

//***********************************************************************
//Finding Num of Column with Maximum sum
//***********************************************************************
cout<<"\n7>Finding Num of Column with Maximum sum : "<<endl;
int smax,s;
smax=0;
jmax=0;

for (i=0;i<6;i++)
{
smax=smax+d[i][0];
for (j=0;j<6;j++)
{
s=0;
for (i=0;i<6;i++)
{
s=s+d[i][j];
if (s>=smax)
{
smax=s;
jmax=j;
}
}
}
}

//Output No of Colimn
cout<<"j="<<jmax<<endl;
cout<<"Sum of elements in Column = "<<smax<<endl;
cout<<endl;

//***********************************************************************
// Finding smallest elment from any Column
//***********************************************************************
cout<<"\n8>Finding smallest elment from Column 3 and 5 : "<<endl;
int emin3, emin5;
emin3=d[0][2];
emin5=d[0][4];

for (i=1;i<6;i++)
{
if (emin3>d[i][2]) emin3=d[i][2];
if (emin5>d[i][4]) emin5=d[i][4];
}
// output
cout<<"3="<<emin3<<endl;
cout<<"5="<<emin5<<endl;
return 0;
}


Result




သူရဲ့အလုပ်လုပ်ပုံကတော့ အထွေအထူးမရှိပါဘူး အပိုင်လေးတွေလိုက် ကွန့်မန့် မှတ်ပေးထားပါတယ် ။ ကိုယ်တိုင် Run ကြည့်ပီးလေ့လာကြည့်မယ်ဆိုရင် အလွယ်တကူနားလည်နိုင်မှာပါ ။ အရင် က ဆွေးနွေးချက်တွေကို သေချာနားလည်ခဲ့တယ်ဆိုရင် ပိုအဆင်ပြေမှာပါ ။ multidimensional array (Matrix) နဲ့ပက်သက်လို့လုပ်ဆောင်နိုင်တဲ့ ဟာလေးတွေကို တစ်ပုဒ်ထဲမှာပေါင်းရေးပီးဥပမာပေးထားတာပါ ။
ဆက်လက်ဖက်ရှု့ရန်

ဆွေးနွေးချက်(၁၆)

Functions

Functions တွေဆိုတာ Program တွေမှာ မဖြစ်မနေပါတဲ့ ပရိုဂရမ်အပိုင်းလေးတွေပဲဖြစ်ပါတယ် ။ ဥပမာ main() {} ဆိုတာလည်း function တစ်ခုပါပဲ ။ function တွေ ကိုဘာကြောင့် Program ထဲမှာထည့်သုံးရလဲဆိုတော့ call ခေါ်ပြီး သုံးလို့ရလို့ပါပဲ ။ Program ထဲမှာထပ်ခါထပ်ခါ လုပ်နေရမဲ့ အလုပ်တွေကို ခဏခဏ ရေနေဖို့မလိုပဲ တစ်နေရာတည်းမှာ ဖန်ရှင်အနေနဲ့ရေးထားပြီး calling function အနေနဲ့ ခေါ်သုံးရင် တိုလည်းတိုမယ် ရှင်းလည်းရှင်းသွားပါတယ် ။ function တွေကိုသုံးမယ်ဆိုရင် အောက်ပါအတိုင်းရေးပြီးသုံးနိုင်ပါတယ် ။

၁ ။ Return type FunctionName () { statements }

၂ ။ Return type FunctionName ( parameter1, parameter2, ...) { statements }

• ReturnType ဆိုတာကတော့ Function ရဲ့ Return ပြန်ပေးမဲ့ types အမျိုးအစားဖြစ်ပါတယ် ။ void , int , float , double စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ် ။
• FunctionName ဆိုတာကတော့ ဖန်ရှင်ကိုသတ်မှတ်ပေးမဲ့နာမည်ပဲဖြစ်ပါတယ် ။
• () ချည်းပဲဟာကတော့ parameters တွေမပါတဲ့ functionတွေအတွက်ပါ ။
• ( parameter1, parameter2, ...) ဆိုတာကတော့ parameters တွေ ဖန်ရှင်ထဲမှာကိုယ်သုံးရင်သုံးသလောက် ကြေငြာပေးလို့ရပါတယ် ။ int a , float b စသည်ဖြင့်ပေါ့ ။
• { statements } ဆိုတာကတော့ ကိုယ်လုပ်ချင်တဲ့ ညွန်ကြားချက်တွေကိုရေးပေးရမဲ့နေရာပါ ။


Example For Function

// void function example
#include <iostream>
using namespace std;

void printmessage ()
{
cout << "First Function!";
}

int main ()
{
printmessage ();
cout<<endl;
return 0;
}

ရှင်းလင်းချက်

အပေါ်က Program လေးကို ကြည့်မယ်ဆိုရင် Function ၂ ခုသုံးထားတာကို တွေ့မှာဖြစ်ပါတယ် ။
• ပထမ Function မှာ Return Type မှာ void ကိုသုံးထားပါတယ် ။ ပြီးတော့ Parameters တွေမပါပါဘူး ။ ဘာလို့လဲဆိုတော့ စာကြောင်းတစ်ကြောင်းကိုထုတ်ပေးယုံ ပဲဖြစ်တဲပအတွက် မလိုအပ်လို့ ဖြစ်ပါတယ် ။Function Statements မှာတော့ First Function! ဆိုတဲ့စာကြောင်းလေးကိုထုတ်ပေးဖို့ရေးထားပါတယ် ။
• နောက်ဖန်ရှင်တစ်ခုကတော့ main ဖန်ရှင်ပါ ။ Return type ကိုတော့ int ပေးထားပါတယ် ။ ဒါကြောင့် function statements ထဲမှာ return 0 ဆိုပြီး ပြန်ပေးထားတာဖြစ်ပါတယ် ။ printmessage(); ဆိုတာကတော့ အပေါ် က ရေးထားတဲ့ Function ကို main function ထဲကနေ Call ခေါ်ထားတာဖြစ်ပါတယ် ။


Function တွေကိုကြေငြာခြင်း

Function တွေကိုအပေါ်မှာ ပြထားတဲ့ ဥပမာအတိုင်း တန်းရေးပြီးသုံးနိုင်သလို ပထမဆုံး main function အတိုင်ခင်မှာ ကြေငြာပြီးလည်းသုံးနိုင်ပါတယ် ။ အဲလို main function မတိုင်ခင် ကြေငြာလိုက်တဲ့ Prototype Function လို့ခေါ်ပါတယ် ။ သူ့ရဲ့ အသုံးပြုပုံကိုအောက်မှာတစ်ချက်ကြည့်ကြည့်ပါ ။


Example For Prototype Function

// void function example
#include <iostream>
using namespace std;

void printmessage ();

int main ()
{
printmessage ();
cout<<endl;
return 0;
}
void printmessage ()
{
cout << "Declaration Function! (OR) Prototype ";
}

ဖန်ရှင်တွေကို Prototype ဖန်ရှင်တွေအဖြစ်ကြေညာပြီးသုံးမယ်ဆိုရင်တော့အပေါ်မှာပြထားခဲ့တဲ့တိုင်းပဲ ကိုယ် သုံးချင်တဲ့ ဖန်ရှင်တွေကို main function မတိုင်ခင်မှာကြေငြာခဲ့ရမှာဖြစ်ပါတယ် ။

Prototype ကိုကြေငြာတဲ့ခါမှာ void printmessage (); သို့မဟုတ် int Add (int , int ,float); စတဲ့ပုံ စံတွေနဲ့ ကြေငြာနိုင်ပါတယ် ။ အဲဒီမှမဖြစ်မနေသတိထားရမှာ က ( ; ) ပိတ်ခဲ့ဖို့ မေ့လို့မရဘူးဆိုတာပါပဲ ။ ပီးတော့ int Add (int , int ,float); ပုံစံ Parameters တွေနဲ့ prototype ကြေငြာတဲ့အခါ Parameters တစ်ခုနဲ့တစ်ခုကြား က ( , )ကော်မာ ခံ ပြီးရေးတယ်ဆိုတာပါပဲ ။ စပြီးလေ့လာတဲ့သူတွေအဖို့မှားတက်တာလေးတွေက အဲဒါလေးတွေပါ ။

နောက် တစ်ချက်ကတော့ အပေါ် က Prototype ကြေငြာတဲ့အခါမှာ Parameters မပါတဲ့ Function ဆိုလျှင်လည်းမပါတဲ့တိုင်း Parameters တွေပါတဲ့ဖန်ရှင်ဆိုရင် လည်း Parameters တွေပါတဲ့အရေအတွက် ကြေငြာထားခဲ့တဲ့တိုင်း အောက်ကဖန်ရှင်ရေးတဲ့အခါမှာ ပြန်လည်းအသုံးပြုဖို့ ပါ ။ နောက်တစ်ချက်က Prototype ကြေငြာတုန်းက function နောက်မှာ ( ; ) နဲ့ပိတ်ခဲ့ပေးရပေမဲ့ main function အောက် Function စရေးတဲ့အခါမှာတော့ ( ; ) ပါလို့မရပါဘူး ။ အပေါ် က ရေးထားတဲ့ကုဒ်လေးတွေကိုသေချာပြန်ကြည့်ကြည့်ပါ ။

နောက်တစ်ချက်ကတော့ ကိုယ်သုံးခဲ့တဲ့ ဖန်ရှင်ကို main function မှာ call ပြန်ခေါ်ဖို့မေ့လို့မရပါဘူး ။ မေ့နေခဲ့တယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့အဖြေထွက်မှာမဟုတ်ပါဘူး ။


Pass The Variables By Value

C++ က Function တွေမှာ Passing လုပ်တယ် Pass လုပ်တယ်ဆိုတာ Data တွေကို တစ်နေရာကနေတစ်နေရာ ပြောင်းရွှေ့ပေးတာပါပဲ ။ အဲလိုပြောင်းရွှေ့တဲ့နည်းတွေ အမျိုးမျိုးရှိကြပါတယ် ။ value , pointer , reference , const , စသည်ဖြင့် pass လုပ်ပေးနိုင်တဲ့ နည်းတွေအများကြီးရှိပါတယ် အခုပြောမှာကတော့ value နဲ့ pass လုပ်ပေးတဲ့နည်းပါ ။ အောက်ကကုဒ်လေးတွေကိုကြည့်ကြည့်ပါ

Void f(int n)
{
n++;
}


int main()
{
int x = 2;
f(x);
cout << x;
}

Variables တွေကို value တွေနဲ့ pass လုပ်တဲ့အခါမှာ Call ခေါ်ခံရတဲ့ဖန်ရှင်ရဲ့ parameters တွေကို copy ပဲယူတာပါ ။ အပေါ်က f ဖန်ရှင်မှာ က parameter ကို int n ဆိုပြီးကြေငြာထားတာပါ ။ ဒါပေမဲ့ mainဖန်ရှင်မှာတော့f(x);ဆိုပြီးရေးထားတာကိုတွေ့မှာပါ။ f ဖန်ရှင်ထဲက parameter ဟာ n မဟုတ်တော့ပဲ x ဖြစ်သွားတာကိုသတိထားမိမှာပါ ။ main ဖန်ရှင်ထဲမှာ int x=2; ဆိုပြီး တန်ဖိုးတစ်ခုထည့်ပြီးသားဖြစ်တဲ့အတွက် f(2); ဆိုတဲ့ပုံစံမျိုးဝင်သွားပါတယ် အဲဒီ 2 ဆိုတဲ့ value ဟာ call ခေါ်ခံရတဲ့ f ဖန်ရှင်ရဲ့ parameter ဖြစ်တဲ့ n နေရာမှာဝင်သွားပါတယ် ။ အဲဒါကို Data Passing လုပ်တယ်လို့ခေါ်ပါတယ် ။ f ဖန်ရှင် ရဲ့ statement မှာ n++ ဆိုတဲ့ အတွက် 2 ကို တစ်တိုးပြီး cout << x; ထုတ်ပေးတဲ့အခါ ၃ ဆိုပြီးထွက်မှာဖြစ်ပါတယ် ။ ဒါကတော့ Value တွေ နဲ့ function တွေမှာ pass လုပ်ပေးတဲ့နည်း ပါ ။
ပိုပြီးနားလည်သွားအောင် အောက်က ဥပမာကိုထပ်ကြည့်ကြည့်ပါ ။


#include <iostream>
using namespace std;

double RigArea(double,double);

int main ()
{
double area = RigArea(20,30);
cout<<"\nLength = "<<30;
cout<<"\nWidth = "<<20;
cout<<"\nArea of Rightangle = "<<area<<endl;
return 0;
}
double RigArea(double W,double L)
{
return W*L;
}


• Program စစ ချင်းမှာ ဆိုရင် အပေါ် function တွေကြေငြာခြင်း မှာတုန်းကပြောထားခဲ့တဲ့တိုင်းပဲ main () ဖန်ရှင်ရဲ့အပေါ်မှာ RigArea ဆိုတဲ့ prototype ကိုကြေငြာလိုက်ပါတယ် ။ အဲဒီ Prototype မှာဆိုရင် return type က double ဖြစ်ပီးတော့ Parameters တွေကိုလည်း double ၂ ခုအနေနဲ့ကြေငြာပေးထားပါတယ် ။
• နောက် main ဖန်ရှင်ထဲမှာ area ဆိုတဲ့ variable တစ်ခုကို double အနေနနဲ့ကြေငြာပြီး RigArea ဆိုတဲ့ ဖန်ရှင်ကို call ခေါ်လိုက်ပါတယ် အဲလို call ခေါ်ရာမှာ pass လုပ်ပေးရမဲ့ arguments တွေကို တစ်ခါတည်းထည့်ပေးထားပါတယ် ။
• အဲလို constant value ရှိတဲ့ arguments တွေ ကို ကော်ပီ ယူပြီး အောက်မှာရှိတဲ့ RigArea ဆိုတဲ့ ဖန်ရှင်က parameters တွေဖြစ်တဲ့ W နဲ့ L တို့မှာ ထည့်လိုက်ပါတယ် ။ အဲဒါဆိုတော့ W=20 နဲ့ L = 30 ဆိုတဲ့သဘောဖြစ်သွားပါတယ် ။
• RigArea ဆိုတဲ့ဖန်ရှင်ထဲမှာ ကျွန်တော် က W*L ကိုမြှောက်ပီး return ပြန်ပေးပါလို့ ခိုင်းထားတဲ့အတွက် 20x30 =600 ဆိုတဲ့ တန်ဖိုးကို return ပြန်ပေးပါတယ် ။
• ဟုတ်ပြီး main () ဖန်ရှင်ထဲမှာတစ်ချက်ပြန်ကြည့်ကြည့်ရအောင် double area = RigArea(20,30); လို့ကျွန်တော်ကရေးထားတယ်။ ဒါကြောင့် RigArea(20,30); ကနေထွက်လာတဲ့ ၆၀၀ ဆိုတဲ့တန်ဖိုးဟာ area ဆိုတဲ့ variable ထဲကိုဝင်သွားပါတယ် ။ function call ခေါ်ပီးတဲ့အချိန်မှာ area ထဲမှာ 600 ဆိုတဲ့တန်ဖိုးရှိနေပါပြီ ။
• နောက် ကျွန်တော်ထည့်ခဲ့တဲ့ Length နဲ့ Width တို့ရဲ့ constant တန်ဖိုးတွေကို ထုတ်ပေးတယ် ။
• နောက်ဆုံးမှာတော့ area ကို output ထုတ်ပေးလိုက်ပါတယ် ။ အဲဒါကြောင့် အဖြေမှာ ၆၀၀ ဆိုပြီးထွက်သွားတာပါ ။Result ကိုကြည့်ကြည့်ပါ ။

Result




Pass variables by Reference

Pointer အကြောင်းဆွေးနွေး Reference (address as) အကြောင်းကိုပြောခဲ့တာမှတ်မိမယ်ထင်ပါတယ် ။ value တွေနဲ့ pass လုပ်တဲ့နည်းကိုအပေါ်မှာဆွေးနွေးခဲ့ပြီးပြီ ။ value နဲ့ pass လုပ်တယ်ဆိုတာ တိတိကျကျသတ်မှတ်လို့ရတဲ့ တန်ဖိုး ၊ variable တွေနဲ့ ရွှေ့ပြောင်းမှုလုပ်ရာမှာ အဆင်ပြေပေမဲ့ အမျိုးမျိုးဖြစ်လာနိုင်တဲ့ တန်ဖိုးတွေအတွက်ကျတော့ ခက်ခဲပါလိမ့်မယ် ။ အဲလိုအခြေအနေမှာ value တွေ memory မှာတည်နေတဲ့ address (Reference) ကိုကိုင်ပြီး pass လုပ်မယ်ဆိုရင် အဲဒီနေရာမှာဘယ်တန်ဖိုးပဲဝင်ဝင် ကျွန်တော်တို့ကနေရာကို ကိုင်ထားတာဖြစ်တဲ့အတွက် လွယ်လွယ်ကူကူနဲ့အဆင်ပြေပါတယ် ။ အဲဒါကြောင့် Pass variable by Reference ကလည်း အရေးပါတဲ့ passing ways တစ်မျိုးပါပဲ ။ အောက်ကဥပမာလေးကိုကြည့်ကြည့်ပါ ။

// passing parameters by reference
#include <iostream>
using namespace std;

void duplicate (int&, int&, int&);
int main ()
{
int x, y, z;
cout<<"Three numbers for x ,y ,z "<<endl;
cin>>x>>y>>z;
duplicate (x, y, z);
cout << "x=" << x << ", y=" << y << ", z=" << z<<endl;
return 0;
}
void duplicate (int& a, int& b, int& c)
{
a*=2;
b*=2;
c*=2;
}

ရှင်းလင်းချက်

• Prototype declaration ကိုသေချာကြည့်ကြည့်ပါ ။ return type ကို void အနေနဲ့ကြေငြာထားပါတယ် ။ အဲဒါကြောင့် return value မရှိပါဘူး ။ နောက်ပြီး Parameters list မှာ int& ဆိုပြီး ၃ ခုကြေငြာပေးထားပါတယ် ။ အဲဒါတွေကတော့ reference တွေပါပဲ ။
• main () ဖန်ရှင်ထဲမှာ စစချင်း variables ၃ ခုကို integers အဖြစ်ကြေငြာလိုက်ပါတယ် ။ ပီးတော့ အဲဒီ ၃ ခုအတွက် user ကိုရိုက်ထည့်ပေးခိုက်ပါတယ် ။ ကျွန်တော် က ၂ ၊ ၄ ၊ ၆ လို့ရိုက်ထည့်ပေးလိုက်တယ်ဆိုပါတော့ ။ x=2 , y =4 , z=6 လို့ဝင်သွားပါတယ် ။
• နောက် duplicate ဖန်ရှင်ကို call ခေါ်ပါတယ် ။ အဲဒီမှာ စပါပြီ ။ pass by value တုန်းက arguments to arguments ကော်ပီလုပ်သွားပေမဲ့ ။ pass by reference မှာကျတော့ argument to reference အဖြစ်သွားပါတယ် ။ ဒါကြောင့်ထည့်လိုက်တဲ့ တန်ဖိုးတွေက duplicate ဖန်ရှင်ရဲ့ reference အသီးသီးမှာရှိတဲ့ တန်ဖိုးတွေနေရာမှာဝင်သွားတယ်ပေါ့ဗျာ ။
• x ရဲ့တန်ဖိုးကို a ကကော်ပီကူးတာဖြစ်လို့ a*=2; ဆိုတဲ့အတွက် &a ဆိုတဲ့နေရာမှာ ၄ ဆိုတဲ့ တန်ဖိုးတစ်ခုရှိနေပါပြီ ။နောက်ထပ် y တန်ဖိုး ၊ z တန်ဖိုးတွေသည်းလည်း ထိုနည်းအတိုင်းအသီးသီး လုပ်ဆောင်ကြပြီး &b , &c ဆိုတဲ့နေရာတွေမှာ ၈ ၊ ၁၂ ဆိုပြီးတန်ဖိုးအသီးသီးရောက်သွားပါတယ် ။ ပထမ main ဖန်ရှင် ကနေအသွားမှာ 2 , 4, 6 ဆိုတဲ့ arguments တွေနဲ့ argument to reference ပုံ စံ သွားတာဖြစ်ပြီး ၊ duplicate ဖန်ရှင်ထဲကနေ main () ကိုပြန်တဲ့ အခါမှာတော့ပြောင်းပြန် reference to arguments ဖြစ်သွားတာပါတယ် ။ ဒါကြောင့် references အသီးသီးမှာရှိနေကြတဲ့ 4 , 8, 12 ဆိုတဲ့တန်ဖိုးတွေက main () ဖန်ရှင်ဆီကိုအသီးသီး ပြန်ဝင်သွားကြပါတယ် ။
• duplicate ဖန်ရှင်ကို call ခေါ်အပြီး x,y,z တိုရဲ့ တန်ဖိုးတွေကိုထုတ်ကြည့်တဲ့အခါမှာတော့ အောက်က result မှာမြင်ရတဲ့အတိုင်းပါပဲ

Result



Default values in parameters

Functions တွေအသုံးပြုဖို့အတွက် Prototype Function အဖြစ်ကြေငြာရာမှာ parameters တွေကို ၊ ဒါမှမဟုတ် parameters တွေထဲမှ ကိုယ်ကြိုက်သလောက်အရေအတွက်ကို default value အနေနဲ့ပေးထားလို့ရပါတယ် ။ function call ခေါ်လိုက်တဲ့အခါ မှာ pass လုပ်ပေးမဲ့ value တွေမရှိဘူးဆိုရင် မူရင်း default argument ကို ထည့်ပေးမှာဖြစ်ပါတယ် ။ ဥပမာကိုကြည့်ကြည့် ပါ ။

#include <iostream>
using namespace std;

void f(int x = 0, int y = 50);

int main()
{
f(1, 2);
f(10);
f();
return 0;
}

void f(int x, int y)
{
cout << "\nx: " << x << ", y: " << y << "\n\n";
}

ရှင်းလင်းချက်

• Prototype ကြေငြာထားတာကိုကြည့်ကြည့်ပါ ။ int x=0 , int y = 50 ဆို ပြီး default argument တန်ဖိုးတွေထည့်ထားတာကိုတွေ့ရပါလိမ့်မယ် ။ အဲဒါဆိုရင် x နဲ့ y ထဲမှာတန်ဖိုးအသီးသီးဝင်ပြီးသား ဖြစ်သွားပါတယ် ။ ဒါပေမဲ့ main () ဖန်ရှင်မှာကြည့်ကြည့်ပါ ။
• f (1,2) ဆိုပြီး f ဖန်ရှင်ကို call ခေါ်လိုက်ပါတယ် အဲဒီ 1 နဲ့ 2 က function pass by value နည်းနဲ့ အောက်က f ဖန်ရှင်ထဲဝင်သွားပြီး ။ x နဲ့ y ကိုထုတ်ပေးတဲ့အခါမှာ ။ ၁ နဲ့ ၂ ထွက်လာတာ တွေ့ပါလိမ့်မယ် ။
• နောက် f (10) ဆိုပြီး function call ခေါ်လိုက်တဲ့အခါမှာတော့ f ဖန်ရှင်ထဲမှာ argument ကတစ်ခုတည်းဖြစ်နေပါတယ် ။ အဲလို တစ်ခုတည်းဖြစ်ရင် အစဉ်တိုင်း ဖြစ်တဲ့အတွက် အောက် က f ဖန်ရှင်ရဲ့ x နေရာမှာဝင်သွားပါတယ် ။ ဒါကြောင့် x တန်ဖိုး ၁၀ နဲ့ y မှက default တန်ဖိုးဖြစ်တဲ့ ၅၀ ကိုထုတ်ပေးမှာဖြစ်ပါတယ် ။
• နောက် f() ဆိုပြီး function call ခေါ်တဲ့အခါမှာတော့ argument တစ်ခုမှမပါတာဖြစ်လို့ မူရင်း default value တွေဖြစ်ကြတဲ့ x တန်ဖိုး ၀ နဲ့ y တန်ဖိုး ၅၀ တို့ကို ထုတ်ပေးမှာဖြစ်ပါတယ် ။result မှာကြည့်ကြည့်ပါ ။

Result



Inline Function

Function တွေ ကိုသုံးတဲ့အခါမှာ ပထမဖန်ရှင်တစ်ခု ဆောက်လိုက်တယ် ပီးတော့ အဲဒီ ဖန်ရှင်ကို main ဖန်ရှင်ကနေခေါ်တယ် ။ နောက်ပြီး ဆောက်ထားတဲ့ဖန်ရှင် ကနေ main () ဖန်ရှင်ဆီကိုပြန်သွားတယ် ။ အဲလိုတွေအလုပ်လုပ်နေတာဖြစ်လို့ တည်ဆောက်တဲ့ဖန်ရှင် က ကြီးရင်မပြောပလောက်ပေမဲ့ တကယ်တမ်း ဖန်ရှင်မှာရေးထားတဲ့ အလုပ်လုပ်ဖို့ရှိတာ ကနည်းနည်းလေး ဆိုရင်တော့ ဖန်ရှင်လုပ်ဆောင်ဖို့အချိန်ထက် သွားလိုက ပြန်လိုက်လုပ်နေမဲ့အချိန်က ပိုများပါမယ် ။ အဲလိုသေးငယ်တဲ့ဖန်ရှင်လေးတွေကိုတည်ဆောက်မယ် ဆိုရင် အချိန်ကုန်သက်သာအောင် inline function ကိုသုံးပါတယ် ။ inline function တစ်ခုတည်ဆောက်မယ် ဆိုရင်တော့ ပုံမှန် function တွေ ရှေ့မှာ inline ဆိုတဲ့ keyword လေးထည့်ပေးရုံပါပဲ ။ သူရဲ့ ပုံစံကတော့

Inline returnType functionName (arguments….){statements….}


Example for inline function

#include <iostream>
using namespace std;

inline int max(int a, int b)
{
return a>b ? a : b;
}

int main()
{
cout << max(10, 20)<<endl;
cout << max(99, 88)<<endl;

return 0;
}

ရှင်းလင်းချက်

• Maximum ကိုရှာပေးမဲ့ max() function ကိုကြည့်ကြည့်ပါ ရှေ့ဆုံး ကမှာ inline ဆိုတဲ့ keyword လေးကို သတိထားမိမှာပါ ။ အဲဒါတော့ inline ဖန်ရှင်တစ်ခုအသုံးပြုတဲ့ပုံစံပါ ။ ဖန်ရှင်ရဲ့ အလုပ်လုပ်မဲ့ statements လေးကတကယ်ကို နည်းနည်းလေးပါ ။ အဲလို ဖန်ရှင်မျိုးတွေဆိုရင် inline ကိုသုံးတာပါ ။
• ဂဏန် ၂ လုံးတစ်စုံဆီရဲ့ အကြီးဂဏန်းကိုရှာပေးမဲ့ ပုံစံလေးပါ ။ max ဖန်ရှင်ထဲမှာတော့ operator ? ကိုသုံးထားတာပါ ။ သူ့ရဲ့အလုပ်လုပ်ပုံကိုတော့ ဆွေးနွေးချက်(၄) Operators တွေအကြောင်းတုန်း က conditional operator အဖြစ်ဆွေးနွေးခဲ့ဖူးပါတယ် ။ ပထမကိန်း ဟာ ဒုတိယကိန်းထက်ကြီးသလား ? ကြီးရင် ပထမကိန်း a ကိုထုတ်ပေးပါ : မဟုတ်ရင်တော့ ဒုတိယကိန်းကိုထုတ်ပေးပါလို့ခိုင်းထား တာပါ ။ ဒီလောက်ဆိုရင်သဘောပေါက်မယ်ထင်ပါတယ်။ Result ကိုကြည့်ကြည့်ပါ ။

Result




Overloaded Function

C++ မှာ Function တွေအများကြီးကို နာမည်တစ်ခုတည်းပေးပြီး ဖန်တီးနိင်ပါတယ် ။ ဒါပေမဲ့ return type တို့ parameters type တွေ ပါဝင်တဲ့အရေအတွက်တွေတော့ကွဲပြားပါလိမ့်မယ် ။ အဲဒါ နာမည်တူနဲ့ ဖန်ရှင်တစ်ခု ထက်ပိုသုံးတာကို overload လုပ်တယ်လို့ခေါ်ပါတယ် ။ C++ မှာ OOP ရဲ့ concept တစ်ခုဖြစ်တဲ့ Polymophism ရဲ့ ပုံစံဖြစ်ပါတယ် ။ Polymophism အကြောင်းကိုတော့ နောက်မှပဲ ဆွေးနွေးပါတော့မယ် ။ အခုကတော့ overload ဆိုတာဘာလဲသိရင်အဆင်ပြေပါပြီ ။ ဥပမာလေး ကိုကြည့်ကြည့်ပါ ။

Example

// overloaded function
#include <iostream>
using namespace std;

int operate (int a, int b);
float operate (float a, float b);
int main ()
{
int x=5,y=2;
float n=5.0,m=2.0;
cout << operate (x,y);
cout << "\n";
cout << operate (n,m);
cout << "\n";
return 0;
}

int operate (int a, int b)
{
return (a*b);
}

float operate (float a, float b)
{
return (a/b);
}

ရှင်းလင်းချက်

Prototype Function ကိုကြည့်ကြည့်ပါ operate ဆိုတဲ့ နာမည်တူ ဖန်ရှင်နှစ်ခုကို သတိထားမိမယ်ထင်ပါတယ် ။ ဒါပေမဲ့ တစ်ခုက integer ဖြစ်ပြီးတစ်ခုကတော့ float အမျိုးအစားဖြစ်ပါတယ် ။ ကျန်တဲ့ ဖန်ရှင် call ခေါ်တာတွေ အလုပ်လုပ်ပုံတွေကတော့ အပေါ်ဖန်ရှင်တွေအကြောင်းအများကြိး ဆွေးနွေးခဲ့ပြိးဖြစ်လို့ ထက်မဆွေးနွေးတော့ပါဘူး ။ နာလည်လိမ့်မယ်လို့ထင်ပါတယ် ။



Recursivity

Recursion Function ရဲ့ဂုဏ်သတ္တိကတော့ တခြား ဖန်ရှင်တစ်ခုနေ နောက်ဖန်ရှင်တစ်ခုကို call ခေါ်သလိုမဟုတ်ပါဘူး ။ တခြားဖန်ရှင်တစ်ခုကနေ နောက်ဖန်ရှင်တစ်ခုကို call ခေါ်တယ်ဆိုရင် ခေါ်ပြီးတာနဲ့ အဖြေတန်းထုတ်ပေးပါတယ် ။ recursion function မှာတော့ ကိုယ့်ဘာသာ ပဲပြန်ခေါ်နေပြီး လိုချင်တဲ့ အဖြေကို မထွက်မချင်း looping ပတ်နေပါတယ် ။ လိုချင်တဲ့ ပွိုင့်အဖြေကိုရောက်ပြီဆိုမှ အဖြေထုတ်ပေးတဲ့ Method တစ်မျိုးပါပဲ ။ Function တွေမှာ အဲလို ဂုဏ်သတ္တိတွေ အသုံးပြုနိုင်ပါတယ် ။ ဥပမာလေးကိုကြည့်ကြည့်ပါ ။

// recursion function
#include <iostream>
using namespace std;

long factorial (long a)
{
if (a > 1)
return (a * factorial (a-1));
else
return (1);
}

int main ()
{
long number;
cout << "Please type a number: ";
cin >> number;
cout << number << "! = " << factorial (number);
return 0;
}

ရှင်းလင်းချက်

• ဒီဥပမာလေး က ဂဏန်းတွေရဲ့ Factorial တန်ဖိုးကိုရှာပေးမဲ့ Program လေးပါ ။
• Factorial ရှာတဲ့ ပုံသနည်းကတော့ n! = n * (n-1)! ပါ ။ ဥပမာ ကျွန်တော်တို့ က 3 factorial ကိုရှာမယ်ဆိုရင် 3 ! = 3*2! , 2!= 2* 1 ! ပါ ။ အားလုံး ပေါင်းရေးလိုက်တဲ့အခါ မှာ 3 ! = 3*2*1 ရှာချင်တဲ့ ဂဏန်း ကနေ 1 အထိ မြှောက်သွားတာပါ ။
• Program မှာ main() function ကိုကြည့်ကြည့်ပါ ။ factorial တန်ဖိုးရှာဖို့အတွက် ဂဏန်းတစ်လုံးပေးပါဆိုပြီးတောင်ထားပါတယ်။ user ကနေ တန်ဖိုးတစ်ခုရိုက်လိုက်ရင် number ဆိုတဲ့ variable နဲ့ဖမ်းလိုက်တယ် ။ ပြီးတော့ factorial ဖန်ရှင် ကို call ခေါ်ပါတယ်။
• Call ခေါ်စဉ်က ဝင်လာတဲ့ argument ကို factorial ဖန်ရှင်က a ထဲကို ကော်ပီထည့်လိုက်ပါတယ် ။ ပြီးတော့ ဖန်ရှင် statements ထဲကိုဆင်းသွားပြီး if နဲ့စစ်ဆေးပါတယ် ။ user ထည့်လိုက်တဲ့ တန်ဖိုး ဟာ ၁ ထက်ကြီးသလား ကြိးတယ်ဆိုရင် recursion စလုပ်ပါတယ် ။ ဘယ်မှာလုပ်တာလဲဆိုတော့ ပထမ ထည့်လိုက်တဲ့ တန်ဖိုးက a နေရာမှာဝင်တာဆိုတော့ a* လို့သိပြီးတာနဲ့ factorial (a-1) ဆိုပြီး ဖန်ရှင်ကို call ပြန်ခေါ်လိုက်တာပါ ။ အဲလိုနဲ့တစ်ခါ a-1 တန်ဖိုးကို if နဲ့ပြန်စစ်ပါတယ် ။ အဲလိုနဲ့ user ထည့်လိုက်တဲ့တန်ဖိုးကို ၁ လျှော့လျှော့သွားပြီး ၁ နဲ့ညီတဲ့အထိ လျှော့သွားပါတယ် ။ ၁ နဲ့ညီသွားပြီဆိုရင်တော့ looping ကနေရပ်ပြီး နောက်ဆုံးအဖြေကို ထုတ်ပေးမှာဖြစ်ပါတယ် ။ ဒါဟာ Recurisivity ပါပဲ ။
• Variable နာမည်တွေနဲ့ရှင်းပြတော့နည်းနည်း ရှုပ်သွားတယ်ထင်တယ် ။ ဥပမာ ကျွန်တော်က နေပြီး ၄ ရဲ့ factorial ကိုရှာပေးပါဆိုပြီးထည့်ပေးလိုက်တယ်ဆိုပါတော့ ။ factorial ဖန်ရှင်ကို call စခေါ်ပါတယ် ပီးတော့ ကျွန်တော်ထည့်လိုက်တဲ့ 4 ဆိုတဲ့ တန်ဖိုးကို if (4>1) ဆိုပြီးစစ်လိုက်တယ် ။ ကြီး နေတာဖြစ်တဲ့အတွက် 4*factorial(4-1) ဆိုတဲ့ပုံစံဖြစ်သွားတယ် ။ အဲဒီတော့ factorial ဖန်ရှင်ကိုကော်ပြန်ခေါ်တယ် ။ 3>1 ဆိုပြိးစစ်တယ် ။ ကြီးနေသေးတယ် အဲဒီတော့ 4*3*factorial(2) ဆိုတဲ့ပုံစံဖြစ်သွားတယ် ။ ဖန်ရှင်ကောပြန်ခေါ်တယ် ။ 2>1 ဆိုပြိးစစ်တယ် ကြိးနေသေးတော့ 4*3*2*factorial(1) ပုံစံဖြစ်တယ် ။
1>1 ဆိုပြီးစစ်တယ် ။ အဲဒီတော့ မကြီးတော့ဘူး မကြိးတော့ loop ကနေရပ်သွားတယ် ။ ဒါကြောင့် 4 ! = 4*3*2 =24 ဆိုပြီးအဖြေထုတ်ပေးတာပါ ။ 4 ထည့်ထားတဲ့ Result ကိုကြည့်ကြည့်ပါ ။

Result




Function အကြောင်းမှာဒီလောက်ဆိုရင် တော်တော်လေးလုံလောက်မယ်ထင်ပါတယ် ။ ကျွန်တော် မဆွေးနွေးပဲကျန်နေတာတွေလည်းရှိနိင်ပါသေးတယ် ။ ဖန်ရှင်နဲ့ပက်သက်ပြီး program code လေးတွေထပ်မံလေံလာချင်သေးတယ်ဆိုရင်တော့
http://www.java2s.com/Tutorial/Cpp/0140__Function/Catalog0140__Function.htm မှာ ကိုယ်တိုင်သွားပြီးလေ့လာနိုင်ပါတယ် ။ ကျွန်တော်ဆွေးနွေးထားတဲ့သီအိုရီတွေနဲ့ ပေးထားတဲ့လင့်ခ်က ကုဒ်လေးတွေ တွဲပြီး လေ့လာမယ်ဆိုရင် ပိုပြီးနားလည်မှာပါ ။ အားလုံးပဲအဆင်ပြေကြပါစေ ။
ဆက်လက်ဖက်ရှု့ရန်

ဆွေးနွေးချက် (၁၅)

Pointer

Pointer ဆိုမှတော့ ညွှန်ပြသူပေါ့ ဗျာ ။ ညွှန်ပြတယ်ဆိုတော့ သူကဘာတွေကိုညွှန်ပြမလဲ ဘယ်နေရာမှာ ၊ ဘယ်နားလေးမှာ စတဲ့ နေရာကိုပဲ ညွှန်ပြမှာပေါ့ ။ ဒါက ကျွန်တော်တို့ အလွယ်မြင်သာအောင်လူပြိန်းတွေးတွေးကြည့်လိုက်တာပေါ့ ။ သူကဘာလဲဆိုတာအသေးစိတ်ဆွေးနွေးကြည့်ရအောင်ဗျာ ။ ကျွန်တော်တို့ Program မှာ variable တွေကြေငြာလိုက်ပီဆိုတာနဲ့ Computer ထဲမှာရှိတဲ့ memory မှာ အဲဒီ variable လေးတွေအတွက် နေရာဝေခြမ်းရေးတွေလုပ်ပါတယ် ။ ဥပမာ ကျွန်တော်တို့ က int a; နဲ့ int b ; လို့ variables ၂ ခုကြေငြာလိုက်တယ်ဆိုပါတော့ ။ မန်မိုရီကြီး ထဲမှာ variable a အတွက်တစ်နေရာ variable b အတွက်တစ်နေရာ နေရာသတ်မှတ်ပေးပါတယ် ။ အဲလို integer variables တွေအတွက် memory ပေါ်မှာ 4 bytes နေရာပေးပါတယ်(32 bits computer များအတွက်) ။ တခြား char တို့ float တို့ စတဲ့ data types တွေကနေရာဘယ်လောက်ယူတယ်ဆိုတာ ကို ဆွေးနွေးချက် (၃) က DataTypes and Ranks ဆိုတဲ့ဇယားမှာသွားကြည့်နိုင်ပါတယ် ။ အဲလို memory ထဲမှာ variable တွေသတ်မှတ်ထားတဲ့နေရာကိုတော့ အဲဒီvariable ရဲ့ address as လို့ခေါ်ပါတယ်(တနည်း reference လုပ်တယ်လို့လည်းခေါ်ပါသေးတယ်) ။ program ရေးတဲ့အခါမှာတော့ သူ့ကို & (ampersand) နဲ့ကိုယ်စားပြုပါတယ် ။Pointer ဆိုတာကတော့ အဲဒီ variable ရဲ့ address ကို ညွှန်ပြပီး variable တွေကိုခေါ်သုံနိုင်တဲ့အရာပါပဲ ။ Pointer ကိုတော့ * (star sign)နဲ့ကိုယ်စားပြုပါတယ် ။ ပထမဆုံး Variable ရဲ့ value (တန်ဖိုး) နဲ့ address (နေရာ) ကိုကောင်းကောင်းနားလည်အောင် အောက်ကဥပမာလေး ကြည့်ကြည့်ပါ ။

Example Program

#include<iostream>
using namespace std;
int main()
{
int a,b;
a=200;
b=300;
cout<<"Value of a = "<<a<<endl;
cout<<"Address of a = "<<&a<<endl;
cout<<"Value of b = "<<b<<endl;
cout<<"Address of b = "<<&b<<endl;
return 0;

}

Result



ဒီ Program လေးနဲ့ Result လေးကို တွဲကြည့်မယ်ဆိုရင် variable တိုင်းမှာ address ကိုယ်စီရှိတယ်ဆိုတာ နားလည်မယ်ထင်ပါတယ် ။ အဲဒါကိုနားလည်ပီဆိုရင် Pointer တွေဘယ်လို ကြေငြာလဲအသုံးပြုလဲဆိုတာကို ကြည့်ကြည့်ရအောင်ဗျာ ။


Declaring variables of pointer types

Variables တွေကို Pointer Types အနေနဲ့ကြေငြာမယ်ဆိုရင်

Type * name;

ပုံစံကြေငြာရမှာပါ ။ ဥပမာ

int * iNumber;
char * character;
float * fNumber;

အခု Pointer ဆိုတာဘာလဲသိသွားပြီ Pointer ကိုယ်လိုကြေငြာရလဲဆိုတာသိသွားပြီ ။ ပိုပြီးတော့ အဓိပ္ပါယ်ရှိသွားအောင် Pointer ကိုဘာကြောင့်သုံးရလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြည့်ရအောင် ။ အောက်က ပရိုဂရမ်လေးကြည့်ကြည့်ပါ ။

Example Program

#include<iostream>
using namespace std;
int main()
{
int a,b;
a=200;
b=300;
cout<<"Value of a = "<<a<<endl;
cout<<"Address of a = "<<&a<<endl;
cout<<"Value of b = "<<b<<endl;
cout<<"Address of b = "<<&b<<endl;

a=500;
cout<<"Value of a = "<<a<<endl;
cout<<"Address of a = "<<&a<<endl;

a=1000;
cout<<"Value of a = "<<a<<endl;
cout<<"Address of a = "<<&a<<endl;

b=2;
cout<<"Value of b = "<<b<<endl;
cout<<"Address of b = "<<&b<<endl;
return 0;

}

Result


အခုနက တစ်ပုဒ်ကိုပဲ ထပ်ဖြည့်ထားတာပါ ။ သတိထားမိလားမသိဘူး ။ ကျွန်တော် a နဲ့ b အတွက်တန်ဖိုးတွေကိုပြောင်းထည့်ပေးသွားတယ်။ ပီးတော့ value နဲ့ address ကိုထုတ်ပေးခိုင်းတယ် ။ value တွေသာချိန်းသွားတယ် address ကမပြောင်းဘူး ။ ကျွန်တော့်မှာခွက်တစ်ခု ရှိတယ်ပဲဆိုကြပါစို့ အဲဒီခွက်ကိုရေထည့်သောက်တော့ရေခွက်ဖြစ်တယ် ။ ကော်ဖိထည့်တော့ကော်ဖီခွက်ဖြစ်တယ် ။ အအေးထည့်သောက်တော့ အအေးခွက်ဖြစ်တယ် ။ ရေ ၊ ကော်ဖီ ၊အအေး စတဲ့ တန်ဖိုးတွေဘယ်လိုပြောင်ပြောင်း ၊ထည့်တဲခွက်ကို ကျွန်တော် က ကိုင်ထားတာဖြစ်တဲ့အတွက် ဘာလာလာအေးဆေးပဲပေါ့ ။ အခုလည်း Program ထဲမှာ variable ရဲ့ value တွေကြိုက်သလိုပြောင်းပါ ကျွန်တော်က အဲဒီ variable ရဲ့ address ကို pointer နဲ့ ပြပီးသုံးမယ်ဆိုရင် အများကြီးသက်သာသွားတာပေါ့ ။ pointer ရဲ့တခြားကောင်းကျိုးတွေလည်းရှိချင်ရှိဦးမှာပါ ။ ဒါကကျွန်တော်သိတာလေးကိုပဲဆွေးနွေးတာပါ ။


Dereference operator (*)

Pointerတွေဟာ Address (reference) တွေပဲ Point လုပ်ပေးနိုင်ပါတယ် ValueတွေကိုPointလုပ်လို့မရပါဘူး(စိတ်ထဲမှာအသေမှတ်ထားပါ) ။ ဒါကြောင့် Pointer ကို Output အနေနဲ့ပြလိုက်မယ်ဆိုရင် Address အနေနဲ့ ပဲထွက်လာမှာပါ ။ တကယ်လို့ ကျွန်တော်တို့ က အဲဒီ Address မှာရှိတဲ့ Value ကို Output ထုတ်ပေးချင်တယ်ဆိုရင်တော့ Deference Pointer (သို့) Dereference Operator(*) ပြန်လုပ်ပေးရပါတယ် ။ အောက်ကကုဒ်လေးတွေကိုတစ်ချက်ကြည့်ကြည့်ပါ ။

double Num =10;
double dNum;
double *ptr=&Num // ၁၀ ဆိုတဲ့ value ရှိရာ address ကို Pointer နဲ့ point လုပ်လိုက်ပါတယ် ။
cout<<ptr; // အခုတိုင်းထုတ်လိုက်ပီဆိုရင် pointer ကို output ထုတ်တာဖြစ်လို့ address ပဲထွက်လာမှာပါ ။

dNum=*ptr;
// ဒီ လုပ်ဆောင်ချက်လေးကိုတော့ Dereference လုပ်တယ်လို့ခေါ်ပါတယ်။(ဒါကတော့ Variable အလွတ်တစ်လုံးနဲ့ Dereference လုပ်တာပါ)
cout<<dNum; // အခုတိုင်း ဆိုရင်တော့ နဂို value ဖြစ်တဲ့ ၁၀ ဆိုတာကို output ထုတ်ပေးမှာဖြစ်ပါတယ် ။
cout<<*ptr; // ဒီလုပ်ဆောင်ချက်ဆိုရင်လည်း Dereference လုပ်တာပါပဲ ၁၀ ဆိုတာကို output ထုတ်ပေးမှာဖြစ်ပါတယ် ။


Pointer Arithmetic

တခြား Variables တွေ ကို Operation လုပ်ဖို့အတွက် Arithmetic Operator တွေသုံးနိုင်သလို Pointer မှာလည်းသုံးနိုင်ပါတယ် ။ ဒါပေမဲ့ ပုံမှန် data types တွေ Arithmetic နဲ့တော့ ခြားနားပါတယ် ။ Pointer Arithmetic အောက်မှာ ဘယ် Operators တွေသုံးနိုင်လဲဆိုတော့
+ , - , ++ , -- , += , -= , == , != , > , < , <= , >= စတဲ့ Operators တွေ အသုံးပြုနိုင်ပါတယ် ။ Pointer Arithmetic နဲ့ ရိုးရိုး datatype တွေရဲ့ Arithmetic ဘာကွာလဲဆိုတာ ကို အောက်က ဥပမာလေးတွေမှာ လေ့လာကြည့်ရအောင်ဗျာ ။

Example For Pointer Arithmetic

#include<iostream>
using namespace std;
int main()
{
int nValue = 8;
int *pnPtr = &nValue;

cout << pnPtr << endl;
cout << pnPtr+1 << endl;
cout << pnPtr+2 << endl;
cout << pnPtr+3 << endl;
return 0;
}

Result



Result နဲ့ Code လေးတွေကိုတွဲကြည့်ကြည့်ပါ ။ ပထမ မူရင်းPointer ရဲ့ Address ဖြစ်တဲ့ 0013ff60 ဆိုတာကိုထုတ်ပေးတယ် ။ အဲဒါ cout << pnPtr << endl; ဆိုတဲ့ line အတွက်ပေါ့ ။ နောက် cout << pnPtr+1 << endl; ဆိုတဲ့ line အတွက်ကျတော့ 0013ff64 ဆိုပြီးထုတ်ပေးပါတယ် ။ code တွေမှာ ကျွန်တော်က 1 ,2,3 ကိုအစဉ်လိုက်ပေါင်းပီးထုတ်သွားတာ ပါ ။ result မှာ 4 စီကွာသွားတာကိုတွေ့မယ်ထင်ပါတယ် ။ နောက်ဆုံး က 0013ff6c ဆိုတာကိုကြည့်ပြီး မျက်စိမလည်ပါနဲ့ ။့  သူက hexadecimal တန်ဖိုးနဲ့တွက်တာဖြစ်တဲ့အတွက် 0 ကနေ f ထိဆိုတော့ (0 1 2 3 4 5 6 7 8 9 A B C D E Fဆိုပြီး ၁၆ လုံးရှိပါတယ်) C ဆိုတာ ၁၂ ကို ကိုယ်စားပြုပါတယ် ။ ဒါဆိုရင် 0 , 4 , 8, 12 ဆိုပြီး ၄ စီကွာသွားတာကိုသတိထားမိမှာပါ ။ ဟုတ်ပြီ ၄ စီကွာတယ် ဘာကြောင့် ၄ စီကွာလဲဆိုတော့ data တွေစကြေငြာတုန်းက int nValue = 8; int *pnPtr = &nValue; ဆိုပြီး integer ပါလို့ ကြေငြာခဲ့တာဖြစ်တဲ့အတွက် 4 စီကွာသွားတာပါ ။ ဆွေးနွေးချက် (၃) က datatype and rank ဇယားကိုပြန်ကြည့်ကြည့်ပါ ။ integer ရဲ့ memory မှာနေရာယူတဲ့ တန်ဖိုးက 4 bytes ရှိပါတယ် ။ ဒါကြောင့် တစ်ခုနဲ့ တစ်ခု 4 စီကွာသွားတာပါ ။ တကယ်လို့ double နဲ့ကြေငြာခဲ့မယ်ဆိုရင် 8 စီကွာသွားပါလိမ့်မယ် ။ char နဲ့ကြေငြာရင် 1 စီကွာပြီး short နဲ့ကြေငြာရင် ၂ စီကွာသွားတာကိုတွေ့ပါလိမ့်မယ် ။ အပေါ်က ဥပမာလေး ကိုပဲ data type ပြောင်းကြေငြာပြီး ထုတ်ကြည့်ကြည့်ပါ ။

တကယ်လို့ မရှင်းသေးဘူးဆိုရင် အောက်ကပုံလေးပါထပ်ကြည့်ပါ ဦး ။ &mychar (address of mychar) = 1000 လို့သတ်မှတ်ထားပီး ++ အော်ပရေတာသုံးလိုက်တဲ့အခါ 1001 ဆိုပြီး ၁ ပဲတိုးပါတယ် ။ &myshort = 2000 လို့သတ်မှတ်ပြီး ++ အော်ပရေတာကိုသုံးလိုက်တဲ့ အခါမှာ 2002 ဆိုပြီး ၂ တိုးတဲ့နေရာကိုရောက်သွားတယ် ။ &mylong = 3000 လို့သတ်မှတ်ပြီး ++ အော်ပရေတာသုံးတဲ့အခါမှာတော့ 3004 နေရာကိုရောက်သွားတယ်ဆိုတော့ 4 တိုးသွားတယ် ။



၁ ပေါင်းတာချင်းတူပေမဲ့ data types တွေပေါ်မူတည်ပြီး ထွက်လာမဲ့ result ကျတော့ကွဲပြားသွားတယ် ။ ရိုးရိုး arithmetic မှာတော့ int a =1 ; a+1=2; double a=1; a+1=2 ; data types တွေဘယ်လိုပဲပြောင်းကြေငြာကြေငြာ ရလာမဲ့ ရလာဒ်က တန်ဖိုး က data types တွေပေါ်မှာ မှီတည်မနေပါဘူး ။ အဲဒီအချက် က ရိုးရိုး arithmetic နဲ့ pointer arithmetic မတူတဲ့အချက်ပါပဲ ။ ဒါဆိုရင် Pointer Arithmetic ကို သဘောပေါက်မယ်ထင်ပါတယ် ။


Pointer And Array

Array အကြောင်းကိုတော့ မဆွေးနွေးရသေးပါဘူး ။ Array ဆိုတာကတော့ Variable name တစ်ခုတည်းမှာElements (value) တစ်ထပ်ပိုပြီး သုံးချင်တဲ့အခါမျိုးမှာ Array နဲ့ရေးတာ ပါ ။ အဲဒီ Array ထဲမှာလည်း Pointer ကိုသုံးနိုင်တာကြောင့် Pointers ခေါင်းစဉ်အောက်မှာ ထည့်ဆွေးနွေးလိုက်တာပါ ။ Array ကို ကြေငြာတော့မယ်ဆိုရင် အောက်ကတိုင်းကြေငြာနိုင်ပါတယ် ။

int anArray[5]={1,2,3,4,5}; // Integers 5 ခုပါတဲ့ array တစ်ခုအဖြစ်ကြေငြာလိုက်တာပါ ။
char chArray[] = “OnOurHands”; // character array တစ်ခုကြေငြာလိုက်တာပါ ။

အခု က Array ကို Point လုပ်မဲ့ Pointers တွေအကြောင်းကိုပြောမှာဖြစ်လို့ Array အတွက်အသေးစိတ်ကိုတော့နောက်မှာပဲပြောပါတော့မယ်
Pointer တစ်ခုနဲ့ Array ကို Point လုပ်မယ်ဆိုရင် Array ရဲ့ ပထမဆုံး Element Address ကိုပဲ Point လုပ်နိုင်မှာဖြစ်ပါတယ် ။ Element အားလုံးရဲ့ Address ကို Pointers တစ်ခုတည်းနဲ့ Point လုပ်လို့မရပါဘူး ။ အောက်ကဥပမာလေးကိုလေ့လာကြည့်ပါ

#include<iostream>
using namespace std;
int main()
{
//declare and initialization of array
int iArray[5]={1,2,3,4,5};
char chArray[]="OnOurHands";

//declare Pointers
int *iPtr;
char *chPtr;

//Point Array
iPtr=iArray;
chPtr=chArray;

//deference and Output Pointer
cout<<*iPtr<<endl;
cout<<*chPtr<<endl;

//If you want to output all Elements , do like that
cout<<*(iPtr);
cout<<*(iPtr+1);
cout<<*(iPtr+2);
cout<<*(iPtr+3);
cout<<*(iPtr+4)<<endl;

for(int i=0;i<10;i++)
{
cout<<*(chPtr+i);
}
cout<<endl;
return 0;

}


Result




ရှင်းလင်းချက်

Array တွေ Declare လုပ်တယ် ။ ပြီးတော့ Pointers တွေ Declare လုပ်တယ် ။ Arrays တွေကို Pointer တွေနဲ့ Point လုပ်လိုက်တယ် ။ အဲဒါတွေပြီးတော့ cout<<*iPtr<<endl; cout<<*chPtr<<endl; ဆိုပြီး Pointers တွေ Derefence လုပ်ပြီး Output ထုတ်ပေးလိုက်တဲ့အခါ မှာ 1 ရယ် O (အို) ရယ်ဆိုပြီး Array ၂ ခု ရဲ့ ပထမဆုံး Element ၂ ခု ထွက်လာတာကိုတွေ့ပါလိမ့်မယ် ။ ဒါဆိုရင် Pointer တွေ က Arrays တွေရဲ့ ပထမဆုံး Element ကိုသာ Point လုပ်နိုင်တယ်ဆိုတာ သဘောပေါက်လောက်ပါပြီ ။ နောက်မှာရေးထားတာတွေကတော့ ကျွန်တော်တို့ က ပထမဆုံး Element တင်မဟုတ်ပဲ Array တစ်ခုမှာရှိတဲ့ Elements တွေကို Pointer နဲ့ထုတ်ပေးချင်တဲ့အခါ Pointer Arithmetic ကိုသုံးပြီး ထုတ်ပေးတဲ့ပုံစံ ရေးပြထားတာပါ ။ အဲဒါကြောင့် ပထမ Integer Array အတွက်
1 2 3 4 5 နောက် Array အတွက် OnOurHands ဆိုပြီး Elements အားလုံးထွက်လာတာပါ ။


Pointer To Pointer

ရိုးရိုး Variable တွေကို Pointers တွေနဲ့ Point လုပ်လို့ရသလို Pointers တွေကိုထပ်ပြီး Pointers တွေနဲ့ Point လုပ်လို့ရပါသေးတယ် ။ အဲလိုလုပ်တာကို Pointer to Pointer လို့ခေါ်တာပါ ။ Pointer နဲ့ Pointer ကိုထပ်ပြီး Point လုပ်ဖို့ အတွက် ** (star ၂ လုံး) ကိုသုံးပါတယ် ။ ဥပမာလေး ကိုကြည့်လိုက်ရင်နားလည်မယ်ထင်ပါတယ် ။

#include<iostream>
using namespace std;
int main()
{
char a;
//declare Pointer
char * b;
//declare Pointer to Pointer
char ** c;

//initialization
a = 'z';
b = &a;
c = &b;

//dereference and output Pointers
cout<<c<<endl;
cout<<*c<<endl;
cout<<**c<<endl;
return 0;

}


ပုံလေးကိုကြည့်ကြည့်ပါ ။ variable a ထဲမှာ z ဆိုတဲ့ character value ရှိပါတယ် ။ သူရဲ့ address ကတော့ 7230 ပါ ။ b က a ကိုလှမ်းပြီး point လုပ်တာဖြစ်လို့ သူရဲ့ တန်ဖိုးသည် 7230 ဖြစ်ပြီး address 8092 ပါ ။ နောက်ခါ c က b ကိုထပ်ပြိး Pointer to Pointer နဲ့ထပ်ပြီး Point လုပ်ထားတာ ဖြစ်လို့ c တန်ဖိုးသည် 8092 ဖြစ်ပြီးတော့ address ကတော့ 10502 ပါ ။ အဲဒါကို Dereference လုပ်ချင်တယ်ဆိုရင်တော့
ဥပမာProgram မှာပြထားတဲ့ အတိုင်းပဲ **c ဆိုမှ မူရင်းတန်ဖိုး z ကိုပြန်ရမှာဖြစ်ပါတယ် ။


Null pointer

Null Pointer ဆိုတာကတော့ မန်မိုရီပေါ်က ဘယ် Address (reference ) တန်ဖိုးမှ Point လုပ်မပေးတဲ့ Pointer Type တစ်မျိုးပါပဲ ။ တကယ်လို့ Pointer ကို Deference လုပ်မယ်ဆိုရင် တော့ int နဲ့ Casting လုပ်ပြီး မှ OutPut ထုတ်မယ်ဆိုရင်တော့ သူရဲ့တန်ဖိုး က ၀(သုည) ထုတ်ပေးမှာဖြစ်ပါတယ် ။ Null Pointer ကြေငြာပေးတဲ့ပုံစံလေး ပါ ။

int * p;
p = 0; // p has a null pointer value


အပေါ်မှာ ဆွေးနွေးခဲ့ တာတွေကိုနားလည်မယ်ဆိုရင် Pointer အကြောင်းတော်တော်လေး သိလောက်ပြီထင်ပါတယ် ။ နောက်ထပ် Void Pointer တို့ Pointer To function တို့ အပိုင်းတွေရှိပါသေးတယ် ။ ထပ်ပြီး ပိုလေ့လာချင်တယ်ဆိုရင်တော့
http://www.cplusplus.com/doc/tutorial/pointers/
http://www.java2s.com/Tutorial/Cpp/0220__Pointer/Catalog0220__Pointer.htm
တို့မှာကိုယ်တိုင်လေ့လာနိုင်ပါတယ် ။
ဆက်လက်ဖက်ရှု့ရန်