Variable and Constant
Variable ဆိုတာက data value တွေကို ထည့်ထားနိုင်တဲ့နေရာတစ်ခုပေါ့ဗျာ ။ သူ့ကိုမြင်အောင်ဥပမာပေးရရင်တော့ အိုးခွံတစ်လုံးဆိုပါတော့ဗျာ မြေထည့်ရင်မြေအိုးဖြစ်မယ် ။ ရေထည့်ရင်ရေအိုးဖြစ်မယ် ။ ရွှေထည့်ရင်ရွှေအိုးဖြစ်မယ်ပေါ့ ။ အခုနေမှာရေထည့်ထားပြီး ခဏနေကျရင် တခြားအရာတစ်ခုပြောင်းထည့်လို့ရတယ် ။ Variable ရဲ့သဘောကလည်းဒီတိုင်းပါပဲ ။ အရှင်သဘောဆောင်တယ် ။ ပြောင်းလဲနိုင်တယ် ။
Constant ဆိုတာကကျတော့ ကိန်းသေတန်ဖိုးတစ်ခုကိုပဲထည့်ထားလို့ရတဲ့နေရာပေါ့ သူကျတော့ဘာနဲ့တူလဲဆိုတော့ ပန်းစိုက်ထားတဲ့ပန်းအိုးနဲ့တူတယ် ။ တစ်ခုတည်းအတွက်ပဲ ပြောင်းလဲလို့မရနိုင်ဘူး ။
ဒါကြောင့် Program တစ်ခုအတွင်းမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ချင်တဲ့ အရာတွေကို Variable အနေနဲ့ ကြေငြာပြီးတော့ ။ ဒီတစ်ခုတည်းအတွက် ဒီတန်ဖိုးတစ်ခုတည်းကိုပဲသုံးဖို့လိုမယ် ကျန်တာတွေမပြောင်းလဲစေချင်တဲ့အချိန်မျိုးမှာ Constant ကိုသုံးပါတယ် ။
Example Program
#include<iostream>
using namespace std;
void main()
{
//Declare for variable
int iNumber;
//1st assignment a value
iNumber=100;
cout<<iNumber<<endl;
//2nd assignment a value
iNumber=200;
cout<<iNumber<<endl;
//declaration for constant variable
const int ciNumber=300;
cout<<ciNumber<<endl;
//ciNumber=400;
//cout<<ciNumber<<endl;
}
Result
ရှင်းလင်းချက်
ဒီဥပမာကိုကြည့်ကြည့်ပါ ။ Program ထဲမှာ iNumber ဆိုတဲ့ Variable တစ်ကိုပဲကြေငြာထားပါတာပါ ။ ဒါပေမဲ့ ပထမတစ်ကြိမ် assign လုပ်ပြီးတဲ့ output ထုတ်ကြည့်တဲ့အခါမှာ ၁၀၀ ထွက်ပြီး ။ ဒုတိယအကြိမ်မှာတော့ ထည့်ထားတဲ့ ၂၀၀ ဆိုတာကိုပြောင်းလဲပြီးထွက်ပေးတာသတိထားမိမှာပါ ။ နောက်ပြီး
//declaration for constant variable
const int ciNumber=300;
cout<<ciNumber<<endl;
ဆိုတဲ့ လိုင်းတွေကတော့ Constant Variable အတွက်ပြထားတာပါ ။ ပထမတစ် ကြိမ်ထည့်ထားတဲ့ 300 ကိုပဲ output ထုတ်ပေးမှာဖြစ်ပါတယ် ။ တကယ်လို့ ကျွန်တော့် comment နဲ့ပြထားခဲ့တဲ့ လိုင်း ၂ ခုကို ပါထည့်ရမ်းလိုက်မယ်ဆိုရင်တော့ အောက်မှာပြထားသလို error list မှာ error လာပြပြီး အဖြေထွက်မှာမဟုတ်ပါဘူး ။
ဆွေးနွေးချက်(၂)
Monday, June 28, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment