၁ ။ Introduction to C++
C++ ဆိုတာ High level နဲ့ low level Programming Language တွေကိုပါလုပ်ဆောင်နိုင်တဲ့ Programming Language တစ်ခုဖြစ်ပါတယ် ။ C++ Programming Language ကို Bjarne Stroustrup ဆိုသူက Bell Labs မှာ 1983-1985 နှစ်အတွင်းမှာရေးသားခဲ့ပါတယ် ။ C++ ကိုနောက်တစ်မျိုး C with Classes လို့လည်းခေါ်ကြပါတယ်။
C++ Programs ရေးသားဖို့အတွက် Borland C++ ,C++Builder,MicrosoftVisualC++,etc စတဲ့ဆော့ဖ်ဝဲတွေကိုအသုံးပြုနိုင်ပါတယ် ။ MicrosoftVisualC++ ဒေါင်းလုပ်ချင်ရင်တော့ http://www.microsoft.com/express/Downloads/ မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ် ။
၂ ။ C++ Console Application တစ်ခုစတင်ဖန်တီးခြင်း
C ++ Console Application တစ်ခုကို တည်ဆောက်ဖို့အတွက် ပထမဆုံး MicrosoftVisualC++ ကိုဖွင့်ပါ ။
၁ ။ File > new > projects ကိုသွားပါ ။
၂ ။ Visual C++ မှာ Win32 ConsoleApplication ကိုရွေးပါ ။ (Visual studio 2008 သုံးသူတွေက C ++ > Win32 > Win32 ConsoleApplication ကိုရေါးပါ ။) ။ ပြီးရင် Name မှာ Discussion1 လို့ နာမည်ပေးပြီး
Location ကိုကိုယ်ထားမဲ့နေရာရွေးပေးလိုက်ပါတယ် ။ Ok ကိုနှိပ်လိုက်ပါ ။
၃ ။ Win32 Application wizard ဘောက်စ်ပေါ်လာတဲ့အခါမှာ Application Setting ကိုကလစ်ပြီး Application Type မှာ Console application နဲ့ Additional options က Empty project တို့ကိုချက်ခ် ပေးပြီး finish ကိုနှိပ်လိုက်ပါ ။
၎ ။ project meanu ကို ကလစ်ပြီး add new item ကိုရွေးပါ ။ပေါ်လာတဲ့ add new item ဘောက်စ်မှာ c++file(.cpp) ကိုရွေးပြိး Name မှာ main.cpp လို့ပေးပြီး Add ကိုကလစ်လိုက်ပါ ။ ဒါဆိုရင် C++ program စရေးလို့ရပါပြီ ။
၃ ။ My First Program
#include <iostream>
int main()
{
//this is my first program
std::cout<<"@ Mingalar par ! All Our Friends .\n\nWellcome fromhttp://onourhands.blogspot.com/ @\n ";
std::cin.get();
return 0;
}
ရှင်းလင်းချက်
#include <iostream> ဆိုတာကတော့ standard library header file name တွေပါ ။ အောက်က programမှာအသုံးပြု မဲ့ ဖန်ရှင်တွေ အတွက် ကြိုတင်ပြီးကြေငြာပေးရတဲ့သဘောပါပဲ ။
// this is my first program ဒါကတော့commentပါ။ဘယ်နားကကုဒ်ကတော့ဘာအတွက်ရေးတယ်ဆိုတာကိုကိုယ်ပြန်ကြည့်တဲ့အခါမှတ်မိအောင် မှတ်ထားတဲ့သဘောပါပဲ ။ နောက်ပြီး comment နဲ့မှတ်ထားတဲ့စာတွေက compiler က မ run ပါဘူး//ကိုတော့ စာကြောင်းတစ်ကြောင်းချင်းစီ comment ပေးရမှာ သုံးပြိးတော့ /* ….*/ ကိုတော့ စာပိုဒ်တွေလိုက် comment လုပ်ရာမှာသုံးပါတယ် ။
std::cout<<"@ Mingalar par ! All Our Friends .\n\nWellcome from whttp://onourhands.blogspot.com/ @\n ";
ကတော့ @ Mingalar par ! All Our Friends .\n\nWellcome from http://onourhands.blogspot.com/ @\n ဆိုတဲ့စာကြောင်းကို output ထုတ်ပေးဖို့ရေးတာပါ . အဲဒီစာကြောင်းထဲမှာ \n ဆိုတာကိုသုံးထားပါတယ် ။ အဲဒါကတော့ Escape Sequence ပါ ။ နောက်တစ်ကြောင်းဆင်းဖို့ အတွက်သုံးထားတာပါ ။ std::cout ဆိုကတော့ Standard Namespace အောက်က coutကိုအသုံးပြုတာပါ တကယ်လို့ main function မစခင်မှာ using namespace std ; လို့ကြေငြာပေးထားမယ်ဆိုရင်တော့ အောက်ကပရိုဂရမ်ထဲမှာ cout<< လို့ပဲသုံးလို့ရပါတယ် ။
std::cin.get(); ဆိုတာကတော့ ကိုရေးထားတဲ့ program ရဲ့ result ကို secreen မှာပြန်ကြည့်လို့ရနိုင်အောင် ရေးပေးရတာဖြစ်ပါတယ် ။တကယ်လို့ program မှာ ရေးမပေးခဲ့ဘူးဆိုရင် program run ပြီးတဲ့အခါ ချက်ချင်းပြန်ပျောက်သွားမှာဖြစ်ပါတယ်။
return 0; ဆိုတာကတော့ ၀ တန်ဖိုး return ပြန်ပေးခိုင်းတာပါ ။တကယ်လို့ void ဖန်ရှင်ဖြစ်မယ်ဆိုရင်တော့ return ပြန်ပေးဖို့မလိုပါဘူး။
၎ ။ #include <iostream.h> and #include <iostream> ခြားနားချက်
တစ်ခါတစ်ခါမှာ <iostream.h>နဲ့ကြေငြာပြီးရေးထားတဲ့ဥပမာလေးတွေကိုကိုယ့်စက်ထဲမှာကိုယ်တိုင် စမ်းပြီးရေးကြည့်တဲ့အခါကျတာ့ မှားနေတက်တယ် ။ ဘာကြောင့်လဲဆိုတော့ #include <iostream.h> ကအရင်က သုံးခဲ့တဲ့ ပုံစံဖြစ်ပြီး အရင်က ထွက်ခဲ့တဲ့ဆော့ဖ်ဝဲတွေမှာrunရင်တော့အဆင်ပြေပါတယ် (ဥပမာ Borland C++) ။တကယ်လို့ ကိုယ့်စက်မှာ တင်ထားတာက ISO standard ဖြစ်ပြီးသား ဆော့ဖ်ဝဲတွေဆိုရင်တော့ #include <iostream> နဲ့သာသုံးပြီးရေးရမှာဖြစ်ပါတယ်(ဥပမာ Microsoft Visual C++) ။ standard ဖြစ်ပြီးသား ဆော့ဝဲတွေ မှာ using namespace std; သုံးနိုင်ပြီး အရင်က ဆော့ဖ်ဝဲတွေမှာတော့ သုံးရင် အဲရာပြမှာဖြစ်ပါတယ် ။
Introduction to C++
Sunday, June 27, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment