ခလုတ်

Thursday, July 1, 2010


“ခလုတ်“

ဘုတ် ဘုတ်
ဂုတ် ဂုတ် နဲ့
တိုက်ထုတ်နေလိုက်ကြတာ
ရှုပ်တယ်ဆိုသူ ကဆို ..
လဲသူကလဲ ..
ဆဲသူဆဲ နဲ့..
ခြေကွဲတဲ့ သူလည်းကွဲပေါ့ .....

ငါ့ဘဝထဲငါနေ
ငါ့နေရာ ငါနား
ဒဏ်ရာတွေငါထားခဲ့သလားလို့
စဉ်းစားနေမိတယ် .....

အမှတ်တမဲ့ တွေတောင်ငါမပေးပါဘဲ
အမှတ်တရဒဏ်ရာတွေကို
ခါးသီး စွာယူသွားတက်ကြတယ် .....

တိုက်ရုံသာတိုက်
စိတ်ရှိခိုက်ပြော
မောတော့လည်းရပ်
သူ့လမ်းသူဆက်ကြတာပါပဲလေ ......

ဒီခလုတ်ကိုအရေးလုပ်
အမြစ်ပြုတ်အောင်ချွတ်
အပြစ်တွေအခါခါဖြစ်နေရတဲ့
မင်းတို့ရဲ့လမ်းဘေး
ခပ်ဝေးဝေး ကို
ပစ်ပေးခဲ့စမ်းပါ .....

“ငါလည်းပဲ
ခလုတ် မဖြစ်ချင်လို့ “ ......။

0 comments:

Post a Comment

ဒီPost ရဲ့ရေးသားချက်နဲ့ပက်သက်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။