The Beginning of the Modern Age of Programming
(လက်ရှိ Programming Language တွေ့ရဲ့အစ C Programming)
C Programming Language ကို Dennis Ritchie ဆိုသူက ၁၉၇၀ ပတ်ဝန်ကျင်မှာ UNIX Operationg System အတွက် DEC PDP-11 မှာအသုံးပြုဖို့ စတင်တီထွင်ခဲ့တာပါ ။C ဟာ Structured Programming ဖြစ်ပါတယ် ။ သူ့အထက်စောပြီးပေါ်ခဲ့တဲ့ Programming Language တွေထက် control statement တွေ subroutines တွေ code block တွေ ပြည့်စုံကြွယ်ဝမှု ၊ programmer တွေအတွက် syntax တွေ အသုံးပြုရလွယ်ကူမှုတို့ကြောင့် လျှင်မြန်စွာပဲတိုးတက်ပြောင်းလဲခဲ့ပါတယ် ။
The Creation of OOP and C++ (OOPနှင့်C++အားစတင်ဖန်တီးခြင်း)
Programs တွေက အလွန်ပဲကြီးထွားလာကြတာကြောင့် Structured Programming ဖြစ်တဲ့ C Languageဟာ၁၉၇၀နောက်ပိုင်းနှစ်များ(၁၉၇၈၊၁၉၇၉စသဖြင့်)မှာကန့်သတ်ချက်တွေနဲ့စတင်တွေ့ရှိလာရပါတယ် ။ အဲဒီ ပြသနာတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ နည်းလမ်းတစ်ခု တွေ့ရှိခဲ့ကြပါတယ် ။ အဲဒါကတော့ OOP လို့ အတိုကောက်ခေါ်နေကြတဲ့ Object-Oriented Programming ပါပဲ ။ OOP ကိုအသုံး ပြုခြင်းအားဖြင့် ကြီးမားတဲ့ program တွေကို ထိန်းချုပ်နိုင်ကြပါတယ် ။ ဒါပေမဲ့ ပြသနာတစ်ခုထပ် မံပေါ်ပေါက်လာပြန်ပါတယ် ။အဲဒါကတော့ C မှာ OOP ကို support လုပ်မပေးနိုင်ပါဘူး ။ ဒါကြောင့် C++ ကို စတင်ဖန်တီးခဲ့ကြပါတယ်။C++ ကိုတော့ Bjarne Stroustrup ဆိုသူက ၁၉၇၉ နှစ်ဦးပိုင်းလောက်မှာတီထွင်နိုင်ခဲ့ပါတယ် ။ စစချင်းမှာတော့ C with Classes လို့ခေါ်ဆိုပြီး ၁၉၈၃ မှာတော့ C++ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ် ။C ++ ဟာ C Language အပေါ်မှာ အခြေခံပြီး ဒီဇိုင်းဆွဲထားတာဖြစ်တဲ့အတွက် C Language မှာပါဝင်သမျှအားလုံးကို C++ မှာ ပါဝင်ပါတယ် ။ တနည်းအားဖြင့်ပြောရရင်တော့ C++ ဆိုတာ C ကို OOP support လုပ်အောင် ဒီဇိုင်းဆွဲထားတဲ့ ဗားရှင်းပါပဲ ။
The Internet and Java Emerge(အင်တာနက်နဲ့ ဂျာဗား Language ထွက်ပေါ်လာခြင်း)
Oak လို့ခေါ်တဲ့ Java ကတော့ ၁၉၉၁ ခုနှစ် Sun Microsystems မှာစတင်ခဲ့တာဖြစ်ပါတယ် ။ Java
ဟာ C++ မှ object-oriented language with a syntax and philosophy ကောက်နှုတ်ရယူထားတဲ့
တည်ဆောက်မှုတစ်ခုပါ ။ အင်တာနက် ဆိုသောအရာကြီးမပေါ်ခင်အချိန်ထိ Programms တွေကို
တိကျတဲ့ CPU တွေ ၊ Operating System တွေ ပေါ်မှာ ရေးနိုင် ၊ compiled လုပ်နိုင် ခဲ့ကြပါတယ် ။
အင်တာနက် ခေတ်စားလာတာနဲ့အမျှ မတူညီတဲ့ CPU တွေ ၊ Operating System တွေ က တစ်ခုခုနဲ့တစ်ခု ချိတ်ဆက်လာကြပါတယ် ။ အဲလိုမတူညီတဲ့ environment မှာ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ ပြသနာတစ်ရပ်ဖြစ်လာပါတယ် ။ အဲဒီပြသနာကိုဖြေရှင်းဖို့ Language တစ်ခုလိုအပ်လာပါတယ် ။ အဲဒီ Programming Language ကတော့ Java ပါပဲ ။ Java ဟာ problem of portability တွေကို bytecode လို့ခေါ်တဲ့ ပရိုဂရမ်ရဲ့ source code တွေကို ချက်ချင်း ပြောင်းလဲပေးနိုင်တဲ့ Language တစ်ခုကို သုံးခြင်းဖြင့်ဖြေရှင်းခဲ့ပါတယ် ။ အဲဒီ Bytecode ကိုတော့ Java Virtual Machine (JVM ) ကနေ execute လုပ်ပေးပါတယ် ။ Java ရဲ့ JVM နဲ့ bytecode ဟာ အင်တာနက်ရဲ portability နဲ့ security ပြသနာကိုပါ ဖြေရှင်းပေးနိုင်ခဲ့ပါတယ် ။နားလည်ထားရမဲ့ အဓိကအကြောင်းအရာကတော့ bytecode ကိုအသုံးပြုတဲ့ Java နဲ့ machine code ကိုအသုံးပြုတဲ့ C နဲ့ C++ တို့ ဟာ execute လုပ်တဲ့အခါမှာလုံးဝမတူညီကြဘူးဆိုတာပါပဲ ။ Java ဟာ C နဲ့ C++ ကနေဆင်းသက်လာတာဖြစ်လို့ သူ့ရဲ့ syantex တွေက C ပေါ်မှာ အခြေခံပြီးတော့ ၊ Object model တွေကတော့ C++ ကနေတိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ် ။ ဒါကြောင့် C ၊C++ ကိုသိပြီးသား Programmers များ ဟာ Java ကိုအလွယ်တကူကူးပြောင်းလေ့လာနိုင်မှာဖြစ်ပါတယ် ။
The Creation of C# (စီရှပ် ဖြစ်ပေါ်လာခြင်း)
JavaဟာInternetEnviromentမှာတွေ့ရှိရတဲ့ပြသနာရပ်တွေကိုအောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့တယ်ဆိုပေမဲ့ features အချို့လည်းကျန်ရှိနေပါသေးတယ် ။ အဲဒါကတော့ cross-language interoperability ဒါမှမဟုတ် mixed-language programming ဆိုတဲ့ Programming Language တစ်ခုကနေ ထုတ်ပေးတဲ့ code တွေကို မတူညီတဲ့ တစ်ခြား programming Language တစ်ခုမှာအလုပ်လုပ်နိုင်ခြင်းပဲဖြစ်ပါတယ် ။ Java မှာ ကျန်ရှိနေသေးတဲ့ Feature ကို (ဝင်းဒိုးမှာ JVM ကို instralled) WindowPlatformနဲ့ဖြည့်ဆည်းပေးနိုင်ပါတယ် ။ ဒါပေမဲ့ operatint system ကိုသုံးထားတဲ့ Windows နဲ့ Java တို့ဟာ နီးစပ်နိင်ဖို့မလွယ်လှပါဘူး ။ အဲဒီလိုအပ်ချက်ပြသနာကိုအဖြေရှာပေးဖို့ Microsoft ကနေ C# ကို ၁၉၉၀ မှာ developed လုပ်ခဲ့ပါတယ် ။ C# ရဲ့ ပထမဆုံး alpha ဗားရှင်း ကတော့ ၂၀၀၀ ခုနှစ် နှစ်လယ်လောက်မှာ ထွက်လာခဲ့ပါတယ် ။ ဒါကြောင့်မို့ C# ဟာ C ၊ C++ ၊ Java Language တွေနဲ့တိုက်ရိုက်ဆက်နွှယ်ပက်သက်နေပါတယ် ။
Object-Oriented Programming နှင့် C#
C# Programming နဲ့ OOP ဟာခွဲခြားလို့မရနိုင်ပါဘူး ..။ c# ရဲ့ ရိုးရိုး program လေးတစ်ပုဒ်မှာတောင်မှ OOP ရဲ့ principle တွေက အသုံးဝင်နေလို့ပါပဲ..။ OOP ဟာjob of programming. ကိုချဉ်းကပ်နိင်ဖို့ စွမ်းရည်ပြည့်ဝတဲ့ နည်းလမ်းတစ်ခုပါပဲ ..။ Programming methodologies တွေဟာ ကွန်ပျူတာတွေစတင်တင်ထွင်ကတည်းက ပိုမိုရှုပ်ထွေးတဲ့ ၊ ပိုမိုများပြားတဲ့ ပရိုဂရမ်တွေကို ထည့်သွားဖို့ ပြောင်းလဲခဲ့ကြပါတယ်..။
ပရိုဂရမ်းမင်းတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ ပိုပြီးကြီးမားရှုပ်ထွေးတဲ့ ပရိုဂရမ်တွေကိုထည့်သွင်းဖို့
Technique တွေ tools တွေကိုဖန်တီးခဲ့ကြပါတယ်။ အဲလိုချဉ်းကပ်မှုတွေထဲက တစ်ခုကတော့ အရင် Programming Language တွေထက်အကောင်းဆုံးအဖြစ် ရှေ့ဆုံးကိုရွေ့လျားသွားခဲ့ပါတယ်။ OOP မတိုင်ခင် Programming တွေတုန်းကတော့ ပရော့ဂျက်အများအပြားဟာ အချိန်ကြာကြာ အလုပ်လုပ်မလုပ်နိုင်တဲ့ ချဉ်းကပ်မှုမျိုးတွေနဲ့ပဲဖြတ်ကျော်ခဲ့ရပါတယ်.။ လိုအပ်လာတဲ့ရှုပ်ထွေးမှုတွေကို ချုပ်ကိုင်နိုင်ဖို့ ဖြေရှင်းချက်ကတော့ OOP ဖြစ်ပေါ်လာခြင်းပါပဲ .။OOP ဟာ များပြားတဲ့ concept အသစ်တွေနဲ့အတူ ပရိုဂရမ်တွေကို တည်ဆောက်ဖို့ ၊ပေါင်းစပ်ဖို့ အကောင်းဆုံး အိုက်ဒီယာ တစ်ခုပါပဲ ။ ပရိုဂရမ်တစ်ပုဒ်ကို နည်းလမ်း နှစ်ခုနဲ့ ဖွဲ့စည်းလို့ရပါတယ်
ဘာတွေလဲဆိုတော့ around its code (what is happening) ဘာတွေဖြစ်ပွားသလဲ ။
or around its data (what is being affected) ဘာတွေကသက်ရောက်မှုရှိသလဲ ။ဆိုတဲ့တွေးခေါ်မှုမျိုးနဲ့ပါ .။ ပုံမှန် Structure Programming Language မှာတော့ around code ဆိုတဲ့နည်းလမ်းကိုသုံးပါတယ် ။ အဲဒါကြောင့် “code acting on data.” ဆိုတဲ့သဘောမျိုး (ကုဒ်တွေကသာ ပတ်ဝန်းကျင်ကရတဲ့ ဒေတာတွေပေါ်ကိုသက်ရောက်တယ် လုပ်ဆောင်တယ်ဆိုတဲ့အယူအဆ) ဖြစ်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်အနေအထားအရကြီးမားတဲ့ပရော့ဂျက်တွေကိုရေးတဲ့အခါမှာကန့်သတ်ချက်တွေဖြစ်ပေါ်လာပါတယ်။
Object-oriented programs တွေမှာတော့ around data ဆိုတဲ့နည်းလမ်းကိုသုံးပါတယ် ။
သူကတော့data controlling access to code ဆိုတဲ့သဘောမျိုးပါ(ကိုရေးမဲပရော့ဂျက်အတွက်ရရှိထားတဲ့ဒေတာတွေကသာ ကုဒ်တွေလုပ်ဆောင်ဖို့အတွက် ထိန်းချုပ်ထားမယ်ဆိုတဲ့ သဘောမျိုးပါ) .။ Structure Programming Language တွေရဲ့
လိုအပ်ချက် ကန့်သတ်ချက်တွေကို OOP က ကျော်လွှားသွားနိုင်ပါတယ် ။
OOP ရဲ့ principles တွေအားလုံးကို support နိုင်ဖို့ C# မှာ encapsulation, polymorphism, and inheritance ဆိုတဲ့ အပိုင်း ၃ ခုပါဝင်ပါတယ် .။

0 comments:
Post a Comment