ချစ်သူရေ ...
ပြန်လာခဲ့ပါဆိုတဲ့ စကားကို
မင်းကြားနိုင်အောင်ပြောမထွက်ခဲ့ပေမဲ့
အိမ်တံခါးလေးကိုတော့
ထ ထ လှပ်ကြည့်မိတယ် ....
နားလည်မှု နဲ့ ချိန်စပ်
ယူလိုက်ရတဲ့အလွမ်း တွေက
ရင်ထဲမှာနေရာမကျဘူးချစ်သူရယ် ....
အလိုက်သိတက်တဲ့
ချစ်သူတစ်ယောက်ဖြစ်ချင်ပေမဲ့
စိုက်စိုက်ကြည့်တက်တဲ့
မင်း မျက်ဝန်းလေး တစ်စုံက
ငါ့အတွက် လွမ်းစေအောင်ဖန် ပေါ့ .....
မင်းအငွေ့အသက်တွေနဲ့
နေ့စဉ်ရက်ဆက်
သတိရဖို့ပဲ သတိရနေတက်တဲ့ ငါက
ခဏလေးမေ့ထား ဖို့တောင်
ခဏတိုင်းမေ့ နေတက်ပြန်တယ် ...ချစ်သူရယ် ..။
0 comments:
Post a Comment