C#,Keywordsများ(၄)

Thursday, July 1, 2010

Static Keyword

Static Keyword ကို classes, fields, methods, properties, operators, events, and constructors တွေ ကြေငြာဖို့သုံးနိုင်ပါတယ် ။ ဒါပေမဲ့ indexers, destructors တွေနဲ့တော့ တွဲသုံးလို့မရပါဘူး ။
တကယ်လို့ class တစ်ခုကို static နဲ့ ကြေငြာမယ်ဆိုရင် အဲဒီ class ထဲမှာပါတဲ့ member အားလုံး ဟာ
Static အဖြစ်သက်ရောက်မှာပါ ။ static နဲ့ကြေငြာထားတဲ့ class တွေဆိုရင် demostrate လုပ်ပြီး
Variable တွေ ရဲ့တန်ဖိုးတွေပြန် ပြင်လို့မရဘူးပါ ဘူး ။ operator new ကိုအသုံးပြီး object အသစ်တွေ
ထပ်ပြီးဆောက်လို့မရပါဘူး ။ ဒါကြောင့် static နဲ့ကြေငြာထားတဲ့ class UtilityClass ထဲမှာ member function ဖြစ်တဲ့ MethodA() ကို ပြန်ခေါ်ချင်ရင်

UtilityClass.MethodA();

လို့တိုက်ရိုက်ပြန်ခေါ်ရမှာပါ ။

Static member များကို instance ဖြစ်သော်ငြားလည်း referenced လုပ်လို့မရပါဘူး ။

public class MyBaseC
{
public struct MyStruct
{
public static int x = 100;
}
}

Int x ကို public နဲ့ ကြေငြာထားပေမဲ့ static သုံးထားတဲ့အတွက် နောက်မှာ reference လုပ်လို့မရတော့ပါဘူး ။ ဒါကြောင့် x=100 လို့ တန်းပြီး တန်ဖိုးသွင်းထားပါတယ်။ တကယ်လို့အဲဒိ x ရဲ့တန်ဖိုးကို သုံးချင်တယ် ။ စခရင် မှာပြချင်တယ်ဆိုရင်တော့

Console.WriteLine(MyBaseC.MyStruct.x);

လို့ရေးပြီးခေါ်ရပါမယ် ။
Static function တွေမှာ static methods or property accessors. တွေကို reference လုပ်ဖို့
ဆိုပြီး key this ကိုသုံးလို့မရပါဘူး ။


Keyword “abstract”

abstract ကီးကို missing or incomplete implementation တွေ ပြောင်းလဲပြုပြင်ပေးဖို့သုံးပါတယ် ။
classes, methods, properties, indexers, and events တွေနဲ့ abstract ကိုတွဲပြီးသုံးနိုင်တယ် ။
abstract modifier ကို base class တွေကြေငြာရမှာသုံးပါတယ် ။ abstract အဖြစ်ကြေငြာထားတဲ့ members တွေ ဒါမှမဟုတ် abstract class ထဲမှာပါဝင်နေတဲ့ မန်ဘာတွေကို derive class တွေကနေ implement လုပ်ပေးရပါမယ် ။
*abstract class ကို instantiated လုပ်လို့မရပါ ။ abstract BaseClass ကို အောက်မှာပြထားသလို
Instantiated လုပ်ရင် အဲရာပြမှာပါ ။
BaseClass bc = new BaseClass(); // Error

* abstract class မှာ methods တွေ accessor တွေ ပါဝင်နိုင်သည် ။
* abstract modifier တွေကို sealed modifiers တွေနဲ့ modify လုပ်လို့မရပါဘူး ။ ဘာလို့လဲဆိုတော့ သူတို့ကဆန့်ကျင့်ဘက်တွေဖြစ်နေလို့ပါ ။ sealed က inherited လုပ်ခွင့်မပြုပါ ။ abstract ကတော့ inherited လုပ်ပေးရပါတယ် ။
* abstract class မဟုတ်တဲ့ derive class တွေမှာ base class ဖြစ်တဲ့ abstract class ထဲမှာပါတဲ့ methods တွေ accessor တွေရဲ့ implementation တွေမဖြစ်မနေပါရပါမယ် ။
* abstract method ကို abstract class မှာပဲကြေငြာလို့ ရနိုင်တယ် ။
* abstract method က actual implementation မဟုတ်တဲ့အတွက် သူ့မှာ method body မပါပါဘူး ။
ဒါကြောင့် သူ့ကိုရေးရင် “{ }” ထည့်ဖို့မလိုပါဘူး ။
ဥပမာ ..... public abstract void MyMethod();
သာရေးပါမည် ။
*abstract method ကြောငြာရမှာ static နဲ့ vitual modifiers တွေနဲ့ တွဲပြီးသုံးခဲ့တယ်ဆိုရင် အဲရာဖြစ်ပါတယ် ။
* static property ကို abstract နဲ့သွားသုံးရင်လည်း မှားပါတယ် ။

0 comments:

Post a Comment

ဒီPost ရဲ့ရေးသားချက်နဲ့ပက်သက်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။