Loop
For Loop အကြောင်းမပြောခင် Loop ဆိုတာဘာလဲ ပြောကြည့်ရအောင်ဗျာ Loop ဆိုတာ ပတ်လမ်းပါပဲ ။ ထပ်ကာထပ်က အလုပ်လုပ်စေဖို့ ညွှန်ကြားပေးနိုင်တဲ့ အရာပေါ့ ဗျာ ။ Program မှာ Loop တွေ ကို အမျိုးမျိုး သုံးလေ့ရှိပါတယ် ။ for ,while, do ..while စသဖြင့်ပေါ့ လေ တခြား Pogramming တွေမှာ တခြား loop ပုံစံတွေလည်းရှိဦးမှာ ပါ (ဥပမာ C မှာဆိုရင် Repeat until ပေါ့) အခုက C++ ဆိုတော့ သူ့ထဲမှာပါတဲ့ loop တွေအကြောင်းပဲပြောတာပေါ့ ။
For Loop
For loop ကတော့ Intilization (အစမှတ်) ၊ condition (အခြေနေအတိုင်းတာတစ်ခု သို့ အဆုံးမှတ်) ၊ နဲ့ iteration (တိုးသွားမဲ့ နှုန်း) စတာတွေကိုသေချာသတ်သတ်မှတ်မှတ်နဲ့ looping ပတ်ချင်တဲ့အခါမျိုးတွေမှာ for loop ကိုသုံးပါတယ် ။ for loop ရဲ့ ပုံစံ လေးကိုအောက်မှာကြည့်ကြည့်ပါ ။
ပုံစံ (၁)
for(initialization; condition; iteration)
statement;
statement တစ်ခုတည်းကို looping ပတ်တဲ့ပုံစံပါ ။
ပုံစံ (၂)
for(initialization; condition; iteration)
{
statement sequence
}
သူကတော့ statements တွေအများကြိးလုပ်ဆောင်ချင်တဲ့အခါမှာ {…} (brace) နဲ့ block လုပ်ပြီး looping ပတ်တဲ့အခါမှာသုံးတဲ့ပုံစံပါ ။
For Loop ရဲ့လုပ်ဆောင်ပုံ
၁ ။ for loop ကို တွေ့ပြီဆိုတာနဲ့ ပထမဆုံး Intilization မှာစပြီး အလုပ်လုပ်ပါတယ် ။ intilization တန်ဖိုးတစ်ခုအတွက် looping တစ်ကြိမ်ပတ်ပါတယ် ။
၂ ။ စမှတ်တန်ဖိုးရသွားပြီးတဲ့ အခါမှာ condition ဖော်ပြချက်မှာထပ်ပြီးစစ်ပါတယ် ။
၃ ။ တကယ်လို့ condition မှာဖော်ပြထားတဲ့ အတိုင်းမှန်နေသေးတယ်ဆိုရင် အောက်ကိုဆင်းပြီး statements တွေကိုလုပ်ဆောင်ပါတယ်။ ပြီးရင် iteration မှာသွားပြီး တော့ repeat လုပ်ရမဲ့နှုန်းအတိုင်း စမှတ်တန်ဖိုးကိုတိုးလိုက်ပါတယ် ။
တကယ်လို့ condition မှာစစ်လိုက်လို့ ဖော်ပြထားတဲ့ အချက်နဲ့ မကိုက်ညီတော့ဘူးဆိုရင်တော့ အောက်က statement ကိုလည်းမလုပ်တော့ပဲ looping ကနေ ထွက်သွားပါတယ် ။
၎ ။ နံပါတ် ၃ က iteration မှ တိုးပေးထားတဲ့နှုန်းအတိုင်း intilized တန်ဖိုး ပြန်စပြီး looping ထပ်ပတ်ပါတယ် ။ နံပါတ် ၁ ၊ ၂ ၊၃ ၊ ၄ ကိုအစဉ်တိုင်းပြန်လုပ်ပါတယ် ။
Example for simplest for loop
မျက်စိထဲမှာရှင်းရှင်းလင်းလင်းမြင်သွားအောင် ဥပမာလေးတွေ ကြည့်လိုက်ရအောင် ။
#include <iostream>
using namespace std;
int main()
{
int count;
for(count=1; count <= 25; count=count+1)
cout << count << " ";
cout<<endl;
return 0;
}
ရှင်းလင်းချက်
အပေါ်က code လေးကိုကြည့်ကြည့်ပါ ။ for loop ရဲ့ ပုံစံ (၁) ကိုသုံးထားပါတယ်။ program မှာက ၁ ကနေ ၂၅ ထိကို ဂဏန်းတွေ ထုတ်ပေးခိုင်းတာပါ ။ ပထမ ကျွန်တော် int count; လို့ data declaration လုပ်ထားပါတယ် ။ ပြီးတော့ for loop စပါတယ်။
၁ ။ အရင်ဆုံး for loop ရဲ့လုပ်ဆောင်ပုံကိုပြောထားတုန်းကအတိုင်းပဲ count = 1 ; ဆိုပြီး count တန်ဖိုးကို ၁ ကနေစပါလို့ကျွန်တော်ပြောထားလိုက်ပါတယ် ။
၂ ။ နောက် condition မှာ ကျွန်တော်က count <=25 ဆိုပြီး count တန်ဖိုး ၂၅ ထိအောင် အလုပ်လုပ်မယ်လို့ ဆုံးမှတ် အခြေနေတစ်ခုပေးထားလိုက်ပါတယ် ။ Program က count တန်ဖိုး ဟာ ၂၅ အောက်ငယ်နေသေးသလား ဒါမှမဟုတ် ၂၅ နဲ့ညီပြီလားဆိုတာစစ်ပါတယ် ။ အခု count တန်ဖိုး က ၁ ပဲရှိသေးတာဖြစ်လို့ သူ့အခြေအနေနဲ့ကိုက်ညီပါတယ် ။
၃ ။ အဲမှာစပြီး statement ကိုအလုပ်လုပ်ပါတယ် ။ cout<<count << “ ” ; ဆိုတဲ့အတွက်ကြောင့် count ရဲ့ စမှတ်တန်ဖိုး ၁ ဖြစ်တဲ့အချိန်မှာ ၁ လို့ စက်ခရင်မှာထုတ်ပေးလိုက်ပါတယ် ။ နောက် iteration အပိုင်းကို ဆက်ကြည့်ပါတယ် ။ count=count+1; ဆိုတဲ့ တိုးသွားရမဲ့နှုန်းကိုပေးထားတာကြောင့် နောက်တစ်ပါတ်အတွက် count ရဲ့စမှတ်မှာ ၂ ဆိုတဲ့တန်ဖိုး ပြန်ဝင်သွားပါတယ် ။
၎ ။ အဲဒီအတိုင်း ပဲ စမှတ်နေရာကနေ နောက်ထပ်တစ်ပါတ် ပြန်ပါတ် ပါတယ် ။ အဆင့် ၁ ၊ ၂ ၊ ၃ ၊ ၄ ကိုအစဉ်တိုင်းပြန်လုပ်ပါတယ် ။
အခု Program လေးမှာကျွန်တော် သိစေချင်တဲ့ အချက်လေးကိုထည့်ထားပါတယ် ။ cout<<endl; ဆိုတဲ့ဟာလေးကို statement အောက်မှာရေးပေးထားတာပါပဲ ။ {..} တွေကိုမသုံးရင် for looping အောက်မှာstatementတစ်ကြောင်းပဲလုပ်တယ်ဆိုတာကိုသိစေချင်လို့ပါ။
Result
For Loop by using brace ({….})
ဒီဥပမာလေးကတော့ အပေါ်မှာပြောထားခဲ့တဲ့ for loop ရဲ့ ပုံစံ (၂) အတွက်ပါ ။ အခု program မှာ{…} သုံးပြီး statements တစ်ခုထက်ပိုတာတွေကို for loop ထဲမှာအလုပ်လုပ်တဲ့ ပုံစံပါ ။ အလုပ်လုပ်ပုံ က တော့ အပေါ် က example Program အတိုင်းပါပဲ ။
#include <iostream>
using namespace std;
int main()
{
int count;
int sum=0;
long int multiply=1;
for(count=1; count <= 25; count++) // count++ ဆိုတာ count=count+1 နဲ့တူတူပါပဲ
{
cout << count << " ";
sum+=count; //sum=sum+count;
multiply*=count; // multiply=multiply*count;
}
cout<<endl;
cout<<"The sum of from 1 to 25 = "<<sum;
cout<<endl;
cout<<"The Multiplication of from 1 to 25 = "<<multiply;
cout<<endl;
return 0;
}
ကုဒ်လေးတွေကို ကိုယ်တိုင် Run ကြည့်ပြီး ထွက်လာတဲ့ result လေးတွေကိုကိုယ်တိုင်လေ့လာကြည့်ပါ ။ ပုံတွေ အများကြီးထည့်ရင်ပို့စ်ရှည်သွားမှာစိုးလို့ ကျွန်တော် result ပုံမထည့်ပေးတော့ပါဘူး ။
For Loop with char
ဒါ ကတော့ နောက် ပုံစံတစ်မျိုးပေါ့ for loop မှာ character ကိုသုံးထားတဲ့ ပုံ စံပါ ။ ဂဏန်းတွေတင် looping ပတ်လို့ရတာမဟုတ်ဘူး character ကိုသုံးပြီးတော့ looping ပတ်လို့ရတယ်ဆိုတာသိစေချင်လို့ ပါ ။
#include <iostream>
using namespace std;
int main()
{
char letter;
for(letter = 'A'; letter <= 'Z'; letter++)
cout << letter<<" ";
cout<<endl;
return 0;
}
For Loop Without Increasement
အပေါ် မှာ for loop ရဲ့ ပုံစံတွေပြောတုန်း က for(initialization; condition; iteration) ရှိတယ်လို့ ကျွန်တော်ပြောခဲ့ တယ် ။ ကျောင်းမှာ C++ ကိုစပြီးသင်ဖူးတုန်း က ဆရာတွေ က ဒီ for loop ကတော့ ဒီလိုပုံစံသုံးရတယ်ဆိုတော့ ကျွန်တော်တို့ က ဒီပုံစံတစ်မျိုးပဲမှတ်လိုက်တာပါ ။ အဲဒီတော့ဘာဖြစ်လာလဲဆိုတော့ တခြား ကျွန်တော်တို့မသိခဲ့ရတဲ့ ပုံစံတွေနဲ့ code လေးတွေကိုတွေ့လိုက်တဲ့အခါ ဒါကဘာကြီးလဲ ဘာကိုဆိုလိုတာလဲ ဆိုပြီး နားမလည်ဖြစ်လာပါတယ် ။ ကျောင်းသားတော်တော်များများလည်းဖြစ်ဖူးမယ်ထင်ပါတယ် ။ ဒါကြောင့် ဒီလို သုံးယုံတင်မဘူး ။ နောက်ထပ် ဒီလိုပုံစံပါ သုံးနိုင်တယ်ဆိုတာကို တစ်ခါတည်းသိသွားစေချင်လို့ပါ ။
#include <iostream>
using namespace std;
int main()
{
int x;
for(x=0; x != 123; ) //without increasement
{
cout << "Enter a number: ";
cin >> x;
}
return 0;
}
ဒီဥပမာမှာကတော့ for loop ပေမဲ့ while loop နဲ့ သွားပြီးဆင်တူသွားပါတယ် ။
// နောက်ပုံစံတစ်မျိုး
#include <iostream>
using namespace std;
int main()
{
int x=0;
for( ; x <= 123; )
{
cout <<x<< " ";
x++;
}
cout<<endl;
return 0;
}
ဒီ ဥပမာ ပုံစံလေးကတော့ intilization ရော increasement ပါ မပါပဲ for loop ရေးတဲ့ပုံစံလေး ပါ ။ အပေါ်က int x=0; ကို အစမှတ်အဖြစ်ယူလိုက်ပြီး အောက် က statement မှာရေးထားတဲ့ x++ ကို increasement အဖြစ်ယူသွားတာပါ ။
Empty for loop statement
ဒါကတော့ for loop မှာ intilization ရော condition ရော iteration ရော တစ်ခုမှ ရေးမထားပဲ ဒီတိုင်းရေးတဲ့ပုံစံပါ ။ သူ့အလုပ်လုပ်တာကတော့ infinity loop ပါ အဆုံးမှတ်မရှိပါဘူး ဘယ်တော့မှရပ်မှာမဟုတ်ပါဘူး ။ အောက်ကကုဒ်လေးတွေကို run ကြည့်ပါ secreen မှ 1 ဆိုတဲ့ဟာတွေ အဆုံးမရှိပြေးနေတာ တွေ့ပါလိမ့်မယ် ။
#include <iostream>
using namespace std;
int main()
{
for( ; ; )
cout << " 1 ";
cout<<endl;
return 0;
}
//နောက်ပုံစံတစ်မျိုး
#include <iostream>
int main()
{
int counter=0;
int max = 3;
for (;;) //infinity for loop
{
if (counter < max)
{
std::cout << "Hello! all my friends\n";
counter++; // increment
}
else
break;
}
return 0;
}
ဒီ တစ်ပုဒ်ကတော့ အခု န က infinity for loop ကိုပဲ ကိုလိုချင်တဲ့ပွိုင့်လေးရောက်ရင် ရပ်သွားအောင်ရေးသွားတဲ့ပုံစံ ပါ ။ for (;;) { } က အဆုံးမရှိပတ်ပေမဲ့ သူ့ထဲမှာပါတဲ့ statement မှာ
int counter=0;
int max = 3;
if (counter < max)
{
}
else
break;
စတဲ့ control လေးတွေသုံးပြီးတော့ အဆုံးသတ်ခိုင်းလိုက်တာပါ ။ အပေါ် က တစ်ပုဒ်နဲ့ အခုတစ်ပုဒ်ကိုနှိုင်းယှဉ်ကြည့်ပါ သဘောပေါက်ပါလိမ့်မယ် ။ ဒီ programလေးမှာ operator break; ကိုသုံးထားပါတယ် ။ သူ့အကြောင်းကိုတော့ နောက်မှာဆက်ဆွေးနွေးပါ့မယ် ။
For Loop without body or Statement
အပေါ်မှာ intilization , condition နဲ့ iteration မပါတာတွေကိုဥပမာ လေးတွေပြခဲ့ပါတယ် အခု for loop မှာ statement မပါတဲ့ပုံစံ ဥပမလေးကြည့်ကြည့်ပါဦး ။
#include <iostream>
using namespace std;
int main()
{
int i;
int sum = 0;
// sum the numbers from 1 through 10
for(i=1; i <= 10; sum += i++) ;
cout << "Sum is " << sum;
return 0;
}
စာဖတ်သူ စိတ်ထဲမှာcout << "Sum is " << sum; က for ရဲ့ statement မဟုတ်ဘူးလားလို့မေးချင်ကောင်းမေးချင်နေပါလိမ့်မယ် ။ မဟုတ်ပါဘူးခင်ဗျာ run ကြည့်လိုက်ပါ ။ သူက for ရဲ့ statement သာဆိုရင် ၁၀ secreen မှာ Sum is ဘယ်လောက်ဆိုပြီး ၁၀ ခါပြမှာပါ ။ အခု ၁ ခါပဲပြပါလိမ့်မယ် ။ sum += i++ လေးရဲ့သဘောတရားကိုတော့ operators ခန်းမှာတုန်းက operator တွေအကြောင်းဆွေးနွေးခဲ့တာကိုနားလည်ခဲ့တယ်ဆိုရင် သဘောပေါက်မယ်လို့ ယူဆပါတယ် ။ sum=sum+i ; i=i+1; ဆိုတဲ့ ၂ ကြောင်းကို ပေါင်းရေးလိုက်တာပါ ။
Use multiple statements in for loops (or) Using comma Operator in For Loops
ဒါကတော့ For loops တစ်ခုတည်းမှာ ၂ မျိုးပတ်နိုင်အောင်ရေးတဲ့နည်း ပါ ။ တစ်မျိုးကို i လို့သတ်မှတ်ပြီး သွားတဲ့ အခါ Increasement နဲ့သွားခိုင်းပါတယ် ။ နောက်တစ်မျိုးကိုတော့ j လို့ သတ်မှတ်ထားပြီး သွားတဲ့ အခါမှာ decreasement iteration နဲ့ သွားတဲ့ သွားခိုင်းထားတာပါ ။ အဲလို ၂ မျိုးကိုတစ်ပြိုင်တည်းရေးဖို့အတွက် comma (,) အော်ပရေတာကိုသုံးထားပါတယ် ။ example လေးကို Run ပြီးလေ့လာကြည့်ပါ ။
#include <iostream>
int main()
{
for (int i=0, j=2; i<3; i++, j--)
std::cout << "i: " << i << "\t j: " << j << std::endl;
return 0;
}
Use nested for loops
ကဲဗျာ … စာဖတ်ရတဲ့သူလည်းတော်တော်ပျင်းရောပေါ့ ဒါကတော့ For loop ရဲ့ နောက်ဆုံး example ပါ ။ for loop ထဲမှာနောက်ထပ် for loop တွေထပ်ပြီးသုံးတဲ့ nested for loop ပုံစံပါ ။ အခုဥပမာလေးက တော့ ၂ ကနေ ၅၀ အတွင်းမှာရှိတဲ့ ဂဏန်းတွေရဲ့ factors တွေကိုရှာပေးမဲ့ Program လေးပါ ။ လေ့လာကြည့်ပါ ..။
#include <iostream>
using namespace std;
int main() {
for(int i=2; i <= 50; i++)
{
cout << "Factors of " << i << ": ";
for(int j = 2; j < i; j++)
if((i%j) == 0) cout << j << " ";
cout << "\n";
}
return 0;
}
ပထမ for loop အလုပ်လုပ်ပြီး factors of <<I လို့ရေးထားတဲ့အတွက် I တန်ဖိုး ၂ဖြစ်တဲ့အချိန် မှာ factors of 2 : လို့ စက်ခရင်မှစပြပါမယ် ပြီးတော့ နောက်ကိုဆင်းသွားပြီး for loop တစ်ခုထဲထပ်ဝင်ပါတယ် j တန်ဖိုးကိုလည်း ၂ ကနေစထားတယ် ။ ပြီးတော့ condition မှာ j က I တန်ဖိုးထက်ငယ်သလားကြည့်ပါတယ် ။ ငယ်တယ်ဆိုရင် အောက်က statement ကိုဆက်လုပ်မှာပါ ။ I =2 ,j=2 ဖြစ်နေတဲ့အတွက် condition နဲ့မညီပါဘူး ဒါကြောင့် ဒုတိယ for loop ထဲက statement ကို မလုပ်ပါဘူး…ပထမ for ရဲ့ iteration ကိုပြန်သွားပြီး နောက်တစ်ပါတ် ထပ်ပါတ်ပါလိမ့်မယ် ။
နောက်တစ်ကြိမ်ထပ်စစ်လို့ ဒုတိယ for loop မှာ condition မှန်ပြီဆိုတာနဲ့ statement ဖြစ်တဲ့ if((i%j) == 0) cout << j << " "; ကိုအလုပ်လုပ်ပါလိမ့်မယ် ။ ဒီ statement ကတော့ I ကို j နဲ့စားမယ်ဆိုရင် အကြွင်း သုည ရမလားဆိုတာစစ်တာပါ ရမယ်ဆိုရင်တော့ j ကိုထုတ်ပေးမှာဖြစ်ပြီး မရဘူးဆိုရင်တော့ထုတ်မပေးပါဘူး ။ အဲလိုနဲ့ ပတ်သွားလိုက်တာ အကြိမ် ၅၀ တိုင်အောင်ပါပဲ ။
ဒီမှာတစ်ချက် သိရမှာ က အပေါ်က i loop တစ်ပါတ် ပါတ်တိုင်းမှာ j loop ကတစ်ပါတ်ပဲပတ်တာမဟုတ်ပါဘူး ။ သူ့တန်ဖိုး ၂ ကနေစပြီး j<i မှန်နေသမျှ သူကပတ်မှာပါ သူလုပ်ဆောင်ချက်ပြီးမှ အပေါ် မှာရှိတဲ့ i loop က တန်ဖိုးတစ်ခုထပ်တိုးပြီးနောက်တစ်ပါတ်ပါတ်တာပါ ။
အခု Program ကို Run ကြည့်ရင်သိမှာပါ ဥပမာ factor of 8 is ဆိုတဲ့နေရာကိုတစ်ချက်ကြည့်ကြည့်ပါ ။ 2 ရယ် 4 ရယ် ဆိုပြီး ပြနေတာတွေ့မှာပါ ။
ဘာကြောင့်လဲဆိုတော့ j loop ထဲမှာ i တန်ဖိုး ၈ ကို 2 နဲ့စပြီး စားလိုက် တာ 7 နဲ့အထိတိုင်အောင်စားပါတယ် ။ အဲဒါဆိုတော့ i loop က ၈ ဆိုတဲ့တန်ဖိုး တစ်ခုနဲ့ တစ်ပါတ် ပတ် တဲ့အချိန်မှာ j loop က ၆ ကြိမ်ပတ်တာပေါ့ ။ ဒါပေမဲ့ ၈ ကိုစားလို့ပြတ်တာက ၂ နဲ့ ၄ ပဲပြတ်တာဆိုတော့ 2 ရယ် 4 ရယ်ပဲပြပေးတာပါ ။
Result
အမှားပါရင်လည်းထောက်ပြဝေဖန်ပေးကြပါ ။ လိုနေတာရှိရင်လည်း ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ။ ကဲ …နားကြဦးစို့ဗျာ …
ဆွေးနွေးချက် (၈)
Saturday, July 3, 2010
ရေးသားသူ ->
စစ်သွေး
at
4:49 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment