while loop
Looping တွေထဲက ဒီတစ်မျိုးကတော့ while loop ပါ ။ while loop ရဲ့ ရေးသားပုံကတော့
while (expression) statement;
နဲ့
while (expression)
{
Statement;
}
တို့ပါပဲ ။ for တုန်းကလိုပေါ့ brace မပါတာနဲ့ ပါတာ ၂ ခု ကွဲနေတာကိုတော့ for loop တုန်းက ရှင်းပြခဲ့ပြီးဖြစ်လို့ နားလည်လိမ့်မယ်လို့ယူဆပါတယ် ။သူ့ အလုပ်လုပ်ပုံကိုပိုပြီးနားလည်သွားအောင် ဥပမာလေးနဲ့ တွဲပြီးကြည့်ကြည့်လိုက်ရအောင်ဗျာ ။
Example for while loop
#include <iostream>
using namespace std;
int main ()
{
int n;
cout << "Enter the starting number > ";
cin >> n;
while (n>0) {
cout << n << ", ";
--n;
}
cout << "FINISH!\n";
return 0;
}
ရှင်းလင်းချက်
ဒီဥပမာ Program လေးနဲ့ while loop ရဲ့အလုပ်လုပ်ပုံလေးကိုပြောပြပါ့မယ် ။
၁ ။ ပထမ Pogram user ကို starting number တောင်းထားတာဖြစ်တဲ့အတွက် သူကထည့်ပေးလိုက်တဲ့အခါ n ဆိုတဲ့ variable ထဲကိုထည့်ပြီးယူလိုက်ပါတယ် ။
၂ ။ n တန်ဖိုးကို while ရဲ့ expression မှာ စစ်လိုက်ပါတယ်။ (n>0) n တန်ဖိုးဟာ ၀ ထက်ကြီးသလား ဆိုပြီး စစ်တာပါ ။ ဟုတ်ပြီစစ်တယ်ဆိုတဲ့အခြေနေမှာ မှန်တာရှိမယ် မှားတာ ရှိမယ် ။ အဲဒါဆိုတော့ အမှန်အမှားပေါ်မူတည်ပြီး လုပ်ဆောင်တာကွဲပြားသွားနိုင်ပါတယ် ။
(က) တကယ်လို့သာ အခြေနေဟာ သုညထက် ကြီးတာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် နောက်ထက် အဆင့် ၃ ကိုထပ်လုပ်ပါ့မယ် ။
(ခ) တကယ်လို့ သုညထက်များငယ်ခဲ့မယ် ဒါမှမဟုတ် သုည ဖြစ်ခဲ့မယ်ဆိုရင် သူပေးထားတဲ့ expression မှားတဲ့အတွက် while loop ကထွက်ပြီး နောက်ဆုံး လုပ်ဆောင်ရမဲ့ အဆင့် ၅ ကိုကျော်သွားပါ့မယ် ။
၃ ။ အဆင့် ၂ မှာ စစ်တာမှန်ခဲ့တယ်ဆိုရင် cout << n << ", "; --n; ဆိုတဲ့ statement ကိုလုပ်ဆောင်သွားမှာပါ ။ အဲဒီအတွက်ကြောင့် User ရိုက်လိုက်တဲ့ အစဂဏန်း ကနေစပြီး စက်ခရင်မှာ ထုတ်ပေးပြီး တန်ဖိုး ၁ လျှော့လျှော့သွားမှာပါ ။
၎ ။ အဲဒီလုပ်ဆောင်ချက် ပြီးတဲ့အခါမှာအောက်ကိုဆက်ဆင်းပါတယ် while loop ရဲ့ end block ဖြစ်တဲ့ brace ( } ) ကိုတွေ့တဲ့အခါမှာတော့ အပေါ် while loop ရဲ့ expression ကိုပြန်တက်ပြီး အဆင့် ၂ ကနေပြန်စမှာဖြစ်ပါတယ် ။
၅ ။ ဒီအဆင့်မှာတော့ while loop က ပတ်စရာရှိတာတွေ လုပ်စရာရှိတာတွေအကုန် လုပ်ပြီး တဲ့ အခါ FINISH ဆိုတဲ့ စာသားကိုထုတ်ပေးမှာဖြစ်ပါတယ် ။
ကျန်တဲ့ ပရိုဂရမ် တွေမှာလဲ သဘောတရား ကအားလုံးတူတူပဲဖြစ်ပါတယ် ။ ဒီအဆင့်တွေတိုင်းပဲ အလုပ်လုပ် ပါတယ် ။
Result
While statement with 'and'&& Operator
#include <iostream>
using namespace std;
int main()
{
int len;
cout << "Enter length (1 to 50): ";
cin >> len;
while(len>0 && len<50)
{
cout << '\3';
len--;
}
cout<<endl;
return 0;
}
ဒါကတော့ နောက်ပုံစံတစ်မျိုးပေါ့ ..။ while loop ရဲ့ expression ထဲမှာ စမှတ်နဲ့ ဆုံးမှတ် ၂ ခုပေးပြီး အဲဒီ ကြားထဲက ဂဏန်းဟုတ်တယ်ဆိုရင် အလုပ်လုပ်ခိုင်းမယ်ဆိုတဲ့ program လေးပါ ။ အဲဒီအတွက် logical operator and (&&) ကိုသုံးထားပါတယ် ။ တခြား အော်ပရေတာတွေနဲ့ လည်းကိုယ်စိတ်ကူးတည့်ရင်တည့်သလို ပြန်စမ်းပြီး run ကြည့်စေချင်ပါတယ် ။ အဲဒါမှတစ်ခါတည်း သူ့သဘောတရားကိုနားလည်သွားမှာဖြစ်သလို အရင် ပြီးခဲ့တဲ့ဆွေးနွေးချက်တွေအတွက်လည်းပြန်ပြီးနွှေးပြီးသားဖြစ်မှာပါ ။
Result
A while true loop
While loop ရဲ့ နောက်ပုံစံတစ်မျိုးပါ ။ while loop ကိုလည်းသုံးချင်တယ် expression မှာလည်း ဘာမှပြစရာမရှိဘူး ဆိုရင် while(true) ဒါမှမဟုတ် while(1) လို့ရေးပြီး ကိုယ်လုပ်စေချင်တဲ့ statement တွေကိုသုံးပြီး while looping ပတ်ခိုင်းနိုင်ပါတယ် ။ (ကျွန်တော်နားလည်သလိုရေးထားတာဖြစ်လို့ မှားကောင်းမှားနိုင်ပါတယ် ။ )
ဒီလိုပုံစံလည်း while loop ကိုရေးတယ်ဆိုတာကို သိစေချင်တာပါ ။
#include <iostream>
int main()
{
int counter = 0;
while (true) // or while(1)
{
counter ++;
std::cout<<counter<<std::endl;
if (counter > 20)
break;
}
std::cout << "counter: " << counter << "\n";
return 0;
}
Program ရဲ့တခြားအလုပ်လုပ်ပုံအကြောင်းရာတွေကတော့ ထွေထွေထူးထူးမဟုတ်လို့ရှင်းမပြတော့ပါဘူး အပေါ်ဆုံးမှာ ရေးပြခဲ့တဲ့ ဥပမာနဲ့ အလုပ်လုပ်ပုံချင်းတူတူပါပဲ ။ operator break ဆိုတာကတော့ while loop က အဲဒီနေရာကိုရောက်ပြီး break ဆိုတဲ့ နေရာကိုရောက်ပြီဆိုတာနဲ့ပတ်နေတာကိုရပ်ရမယ်လို့ ဆိုလိုတာပါ ။ ဒါကြောင့် counter တန်ဖိုး ၂၀ ကျော်ပြီဆိုတာနဲ့ while loop ကထွက်သွားမှာပါ ။ break ရဲ့အလုပ်လုပ်ပုံအသေးစိတ်ကိုတော့ နောက်မှာပဲ ဆွေးနွေးပါတော့မယ် ။
ကဲဗျာ.... ဒီပုံစံ ၃ မျိုးလောက်ရယ် စာဖတ်သူ ကိုယ်တိုင် ဥာဏ်ကွန့်မြူးပြီးရေးကြည့်မဲ့ program လေးတွေရယ် ဆိုရင် while loop ရဲ့အလုပ်လုပ်ပုံ ကိုနားလည်ပြီး မှတ်လည်းမှတ်မိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ။ နားကြဦးစို့ဗျာ …။
ဆွေးနွေးချက် (၉)
Monday, July 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment