Jump statements
Program ထဲမှာ Looping တွေကိုရပ်ဖို့ပဲဖြစ်ဖြစ် ကိုယ်ရောက်ချင်တဲ့နေရာတွေကိုချက်ချင်းရောက်သွားနိုင်ဖို့ ၊ ဒါမှမဟုတ် program ကနေလုံးဝထွက်ပြစ်လိုက်ဖို့ စတဲ့ အလုပ်တွေကိုလုပ်နိုင်ဖို့ jump statements တွေကိုသုံးရပါ တယ် ။ Jump Statements မှာ break,continue,go to,return စတာတွေပါဝင်နိုင်ပါတယ် ။ အခုဒီအပိုင်းမှာတော့ ကျွန်တော် break , continue , go to တို့ကိုပဲဆွေးနွေးသွားပ့ါမယ် ။
break
Operator break ကတွေ looping တွေမှာ ကိုရပ်ချင်တဲ့ အခြေနေတခုမှချက်ချင်းရပ်နိုင်အောင်အတွက်အသုံးပြုပါတယ် ။
Example For break
#include <iostream>
using namespace std;
int main()
{
int t;
// Loops from 0 to 9, not to 100!
for(t=0; t<100; t++)
{
if(t==10) break;
cout << t << ' ';
}
cout<<endl;
return 0;
}
ရှင်းလင်းချက်
အရင် for loop တို့ while loop တို့ ရဲ့ဥပမာတွေ ဆွေးနွေးခဲ့တုန်းကလည်း break operator ကို အနည်းအကျဉ်းတွေ့ဖူးခဲ့ပြီးပြီထင်ပါတယ် ။ အပေါ် က ဥပမာ program ကတော့ for looping အတွင်းမှာ break ကိုသုံးထားတာပါ ။
Program မှာအရင်ဆုံး for loop ကို for(t=0; t<100; t++) လို့ပြောထာတဲ့အတွက် 0 ကနေ 99 ထိ looping ပတ်ခိုင်းထားတာပါ ။ ဒါပေမဲ့ ကျွန်တ်ာတို့ အမှန်တကယ်လိုချင်တာ က ၁ ကနေ ၉ ထိပဲလိုချင်ပါတယ် ။ ဒါကြောင့် if(t==10) break; ဆိုပြီး if condition တစ်ခုနဲ့ operator break ကိုသုံးလိုက်ရတာပါပဲ ။ ဒါကြောင့်အဖြေထွက်လာတဲ့အခါ မှာ ၀ ကနေ ၉၉ ထိ ထုတ်မပေးတော့ပဲ ၉ ထိသာထုတ်ပေးမှာဖြစ်ပါတယ် ။ အဖြေကိုကြည့်ကြည့်ပါ ။
Result
ပိုပြီးသိသာသွားအောင်လို့ အောက်မှာ break; ကိုမသုံးပဲ ထုတ်ထားတဲ့အဖြေကိုကြည့်ကြည့်ပါ ။
Break an infinite loop
ဒီ ဥပမာလေးကတော့ infinite for loop ထဲမှာ break; ကိုသုံးထားတဲ့ Proram ပါ ။လေ့လာကြည့်ပါဦး ။
#include <iostream>
using namespace std;
int main()
{
int t, count;
for(t=0; t<10; t++) {
count = 1;
for(;;) {
cout << count << ' ';
count++;
if(count==10) break;
}
cout << '\n';
}
return 0;
}
Result
Break from while
While Loop မှာသုံးတဲ့ break ပုံစံ ပါ ဒီဥပမာ ကို while true loop မှာတုံးကလည်း ပြခဲ့ဖူးပါတယ် ။ ပုံမှန်တိုင်းပါပဲ break သာမသုံးရင် while ထဲမှာဝင်တဲ့ တန်ဖိုး က true ဖြစ်နေသမျှ သူက ပတ်နေမှာပါ ။ if condition နဲ့တွဲပြီး break ကိုသုံးလိုက်တော့ counter တန်ဖိုး ၁၁ မှာ looping ကနေထွက်သွားတာပါပဲ ။
#include <iostream>
int main()
{
int counter = 0;
while (1)
{
counter ++;
if (counter > 10)
break;
std::cout<<counter<<std::endl;
}
std::cout << "counter: " << counter << "\n";
return 0;
}
Result
ဆွေးနွေးချက် (၁၁)
Wednesday, July 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment