continue
continue statement ကိုတော့ လက်ရှိ looping ပတ်နေရင်းကနေ ကိုယ် လိုချင်တဲ့နေရာလေးတွေကို ကျော်သွားချင်တဲ့(skip) အခါမျိုးတွေမှာသုံးပါတယ် ။ အများအားဖြင့်တော့ continue , break တို့ကို looping တွေနဲ့ တွဲဖက်သုံးလေ့ရှိပါတယ် ။
သူ့ရဲ့ အသုံးပြုတဲ့ပုံ စံကတော့ if (condition) continue; ဖြစ်ပါတယ် ။ ဥပမာလေးကို ကြည့်ကြည့်ရင်ရှင်းသွားမှာပါ ။
Example for continue statement
#include <iostream>
using namespace std;
int main ()
{
for (int n=10; n>0; n--)
{
if (n==7) continue;
if (n==5) continue;
cout << n << ", ";
}
cout << "END!\n";
return 0;
}
ရှင်းလင်းချက်
ဒီဥပမာ Program လေးမှာတော့ For loop ထဲမှာ continue statement ကိုသုံးထားပါတယ် ။ For Loop ရဲ့ အလုပ်လုပ်ပုံကိုတော့ အရင်ဆွေးနွေးချက်မှာ ဆွေးနွေးခဲ့ပြီးသားပါ ။ ဒါကြောင့် ဒီမှာတော့ continue ကိုပဲ အဓိကထားပြီးဆွေးနွေးပါ့မယ် ။ ဒီဥပမာလေးမှာက
၁၀ ကနေ တန်းဖိုးတွေလျှော့လျှော့သွားပြီး ၁ ထိ secreen မှာ ပြပေးဖို့ for loop နဲ့ -- (decrement operator) ကိုသုံးထားပါတယ် ။ ဒါပေမဲ့ ကျွန်တော်က အဲဒီ ၁၀ လုံးထဲ က ၇ နဲ့ ၅ ကို secreen မှာမပြချင်ပါဘူး ။ အဲဒါကြောင့် continue ကိုသုံးပြီး ကျော်သွားခိုင်းလိုက်တာပါ ။ Result ကိုကြည့်ကြည့်ပါ ။
Result
နောက်တနည်း
#include <iostream>
using namespace std;
int main ()
{
for (int n=20; n>0; n--) {
if (n%2!=0) continue;
cout << n << ", ";
}
cout << "END!\n";
return 0;
}
အပေါ်ကဥပမာကိုပဲ နည်းနည်းပြန်ပြင်ရေးထားတာပါ ။ တော်ကြာ if (n==7) continue; လို့ ဥပမာရေးပြလို့ အဲလိုတစ်လုံးချင်းကျော်တဲ့နေရာတွေမှာပဲ သုံးတယ်လို့ထင်သွားမှာစိုးလို့ပါ ။ if(condition) ဆိုတဲ့နေရာမှာ ကိုယ်ကဘယ်လိုအခြေအနေမျိုးမှာကျော်သွားစေချင်လဲဆိုတာကို ရေးပေးလို့ရပါတယ် ။ အခု program မှာတော့ ၂၀ နဲ့ ၀ ကြားမှာရှိတဲ့ စုံကိန်းတွေကို ထုတ်ခိုင်းလိုက်တာပါ ။ ပုံမှန် for loop အတိုင်းသုံးမယ်ဆိုရင်တော့ အားလုံးထွက်ရမှာပါ အခု က if (n%2!=0) continue;
လို့ရေးပြီး continue statement ကိုသုံးထားတဲ့အတွက် မကိန်းတွေကိုကျော်ထုတ်ပေးသွားတာဖြစ်ပါတယ် ။
Result
Break နဲ့ Continue တို့ရဲ့ခြားနားချက်
အရင် ဆွေးနွေးချက်(၁၁) မှာတုန်း က break statement အကြောင်းပြောခဲ့ပါတယ် သေချာနားလည်အောင်ဖတ်ခဲ့တယ်ဆိုရင်တော့သူတို့ ၂ ခုရဲ့မတူညီမှုကိုသိမှာပါ ပိုပီးမှတ်မိသွားအောင် ထပ်ပီးပြောပါဦးမယ် ။ break ဆိုတာက ရပ်တာ ပါ ။ ဒီနေရာဒီအခြေအနေရောက်ရင် ရပ်လိုက်တော့ မင်းဆက်မလုပ်နဲ့တော့လို့ ပြောတာပါ ။ ဒါကြောင့် Program ရဲ့ loop ထဲမှာ break ကိုတွေ့ပြီဆိုတာနဲ့ loop က ချက်ချင်းရပ်သွားပါတယ် ။ looping ရဲ့အဆုံးကိုတန်းရောက်သွားပါတယ် ။
continue ကတော့ break လိုမဟုတ်ပါဘူး ။ continue ကကျော်တာပါ။ ဒီနေရာ ဒီအနေထားတွေရှိတဲ့နေရာတွေကိုတော့ မင်း ကျော်သွားကွာလို့ ပြောချင်တဲ့နေရာမျိုးတွေမှာသုံးတာပါ ။ ဒါကြောင့် Program ရဲ့ loop ထဲမှာ continue ကိုတွေ့ရင် သူကျော်ခိုင်းတဲ့နေရာလေးတွေပဲကျော်သွားပီး looping က သူ့ရဲ့ အဆုံးမှတ်ရောက်တဲ့အထိ ဆက်အလုပ်လုပ်ပါတယ် ။ မျက်စိထဲမြင်သွားအောင် ဥပမာလေး ကြည့်ကြည့်လိုက်ပါ ။
#include <iostream>
using namespace std;
int main()
{
int count = 0;
while (count!=50)
{
count += 1;
//end loop if count is greater than 10
if (count > 10)
break;
//skip the number 5
if (count == 5)
continue;
cout << count << endl;
}
return 0;
}
ရှင်းလင်းချက်
while (count!=50) {…} ဆိုတဲ့အတွက် ကြောင့် count တန်ဖိုး ၅၀နဲ့ မညီမချင်း looping ပတ်ရမယ်ဆိုပြိး while loop ကိုသုံးထားပါတယ် ။ ဒါပေမဲ့ if (count > 10) break; ဆိုပြီး break statement ကိုသုံးထားတာဖြစ်လို့ count တန်ဖိုးက ၁၀ ကိုကျော်သွားပြီဆိုတာနဲ့ looping ကနေရပ်သွားရမှာပါ ။ while looping ထဲက break statement အောက်မှာ cout << count << endl; လို့ရေးထားတာဖြစ်လို့ secreen မှာ ၁ ကနေ ၁၀ ထိထုတ်ပေးရမှာဖြစ်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်က if (count == 5) continue; ဆိုပြီး continue statement ကိုသုံးပြီး count တန်ဖိုး ၅ ဖြစ်ရင်တော့ ကျော်သွားရမယ်လို့ပြောထားတဲ့အတွက် 1 ကနေ 10 တွင်း က 5 ကိုချန်ပီး အောက်က result တိုင်းထုတ်ပေးမှာဖြစ်ပါတယ် ။
Result
ဆွေးနွေးချက် (၁၂)
Wednesday, July 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment