Global And Local Variables
Variables တွေအကြောင်းကို ကျွန်တော်ပြောခဲ့တုန်း က Global နဲ့ Local အကြောင်းကိုပြောဖို့ကျန်ခဲ့ပါတယ် ..။
အခုနောက်ပိုင်းမှာ Function အပိုင်းတွေ ဆွေးနွေးမှာဖြစ်လို့ global နဲ့ local variables တွေကိုနားလည်ထားဖို့လိုပါတယ် ။ ဒါကြောင့် အခုဆွေးနွေးလိုက်တာပါ။
အပေါ်ကပုံကိုကြည့်ကြည့်ပါ။GlobalVariablesတွေကတော့Programတစ်ခုလုံးကကြိုက်တဲ့နေရာမှာသုံးနိုင်ပါတယ် ။ပရိုဂရမ်မှာရှိတဲ့ဘယ်ဖန်ရှင် မှာမဆို အသုံးပြုနိင်ပါတယ် ။ Global variables တွေကိုကြေငြာမယ်ဆိုရင် ပုံမှာပြထားသလိုပဲ ဖန်ရှင်တွေမသုံးခင် ဖန်ရှင်တွေရဲ့အပြင်ဘက်မှာကြေငြာပေးရပါတယ် ။ variable တွေကို ပရိုဂရမ်တစ်ခုလုံးအတွက် (ဖန်ရှင်အားလုံးအတွက်) ဘုံအဖြစ် ကြေငြာပီးသုံးချင်တဲ့အခါမျိုးမှာ global variables အဖြစ်ကြေငြာပီးသုံးပါတယ် ။
Local variables တွေကတော့ ဖန်ရှင်တွေရဲ့ {….} နှစ်ခုအတွင်းမှာသုံး သက်ရောက်မှုရှိပါတယ် ။
ဒါကြောင့် ဖန်ရှင် ၁ ချင်းဆီမှာရှိတဲ့ variable name တွေက တစ်ခုနဲ့တစ်ခုတူညီနိုင်ပါ တယ် ။ ဥပမာ maing() function ရယ်နောက်ထပ် ဖန်ရှင်တစ်ခုရယ်ရှိတယ်ဆိုပါစို့ ။main function ထဲမှာ int a; ဆိုတဲ့ variable သုံးနိုင်သလို ။ တခြားဖန်ရှင်နောက်တစ်ခုထဲမှာလည်း int a; ဆိုပြီးထပ်ကြေငြာသုံးနိုင်ပါတယ် ။
အကျဉ်းချုပ် အနေနဲ့ပြောရမယ်ဆိုရင်တော့ Global variable ကို Program တစ်ခုလုံးအတွက် ဘုံအနေနဲ့သုံးပီး ၊
Local variable ကိုတော့ ဖန်ရှင်တစ်ခုချင်းဆီအတွက်သီးခြားသုံးပါတယ် ။
ဆွေးနွေးချက် (၁၄)
Friday, September 3, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment