goto statement
ဆွေးနွေးချက်(၁၂) မှာတုန်းက break နဲ့ continue တို့မတူတာကိုဆွေးနွေးခဲ့ပါတယ် ။ break နဲ့ continue က looping အတွင်းမှာပဲ အလုပ်လုပ်ကြပါတယ်။ loop ကိုရပ်လိုက်တာမျိုး loop ပတ်နေရင်းနဲ့ ကိုယ်ကျော်ချင်တဲ့နေရာလေးတွေကျော်သွားတာမျိုးတွေ လုပ်လို့ရပါတယ် ။ ဒါပေမဲ့ looping ကိုကျော်ပီးတော့ တခြားနေရာကိုသွားဖို့ကျတော့ သူတို့မတက်နိုင်ပါဘူး အဲဒီအခါ မှာ goto ကိုသုံးရပါတယ်။ goto ဆိုမှတော့ပီးစလွယ်ပြောရရင် go (သွားပါ) to (ဘယ်နေရာသို့) ပေါ့ဗျာ (အဲ … go to ဆိုပြီးသွားခွဲမရေးနဲ့နော် မှားလိမ့်မယ် ဗျ …း) ..) ။ အဲလိုသွားခိုင်းဖို့အတွက် ကိုယ်က နေရာတစ်ခုတော့သတ်မှတ်ပေးထားရပါလိမ့်မယ် ။ ဒါမှသာ program ကို မင်းကဒါလုပ်ပီးရင်တော့ ဘယ်နေရာကိုသွား ဒီလိုအခြေအနေဖြစ်လာရင်တော့ ဘယ်ကိုသွားဆိုပြီး အသွားခိုင်းလို့ရမှာပါ ။ အဲလို goto နဲ့အသွားခိုင်းဖို့အတွက် ကြိုပီး သတ်မှတ်ထားတဲ့နေရာလေးကိုတော့ label (လေဗယ်) လို့ခေါ်ပါတယ် ။ goto အသုံးပြုပုံကတော့
<Label>:
{
<statement> ;
}
goto <label>;
ပါ ။ ဥပမာလေး ပါ ကြည့်လိုက်ရင် ပိုရှင်းသွားမယ်ထင်ပါတယ် ။
Example For goto statement
#include <iostream>
using namespace std;
int main()
{
int count = 1;
START:
if ( count > 5 )
goto END;
cout << count << "\n";
++count;
goto START;
END:
cout << "Ending!"<<endl;
return 0;
}
ရှင်းလင်းချက်
ဒီ ဥပမာ Program လေးမှာ START ရယ် END ရယ်ဆိုပီး label ၂ ခုထားထားပါတယ် ။
၁ ။ int count = 1; ဆိုပြီးတော့ count တန်ဖိုးကို ၁ ထည့်ထားလိုက်ပါတယ် ။
၂ ။ if ( count > 5 ) ဆိုပြီး count တန်ဖိုး ဟာ ၅ ထက်ကြိးသလားဆိုတာ ကိုစစ်ပါတယ် ။ ကြီးတယ်ဆိုရင်တော့ goto END ဆိုတဲ့အတွက်ကြောင့် END : label ရှိရာ
END: cout << "Ending!"<<endl; ဆီကို ကျော်သွားမှာဖြစ်ပါတယ် ။ မကြီးဘူးဆိုရင် cout << count << "\n"; ++count; ဆိုတဲ့အတွက် count တန်ဖိုးကို secreen မှာထုတ်ပေးမှာဖြစ်ပီး count တန်ဖိုးကို နောက်ထပ် ၁ တိုးထားလိုက်ပါတယ် ။
၃ ။ goto START; ဆိုတဲ့အတွက်ကြောင့် label START : ရှိတဲ့နေရာကိုပြန်တက်ပါတယ် ။ ပြီးရင် တစ်ခါ count တန်ဖိုးကိုတစ်ခါပြန်စစ်ပါတယ် ။ နံပါတ် ၂ အတိုင်းပြန်အလုပ်လုပ်ပါတယ် ။
ဒီလောက်ဆိုရင်တော့ goto ရဲ့အလုပ်လုပ်ပုံကိုနားလည်မယ်လို့ထင်ပါတယ် ။ Result ကိုတစ်ချက်ကြည့်ကြည့်လိုက်ပါ ။
Result
Example For goto in loop
#include <iostream>
using namespace std;
int main ()
{
int count =0;
for(int i=0;i<10;i++)
{
cout<<i<<" ";
count++;
if(i==5) goto OK;
}
OK :
{
cout<<"\nTimes for loop is "<<count<<endl;
}
return 0;
}
For loop ထဲမှာ goto သုံးထားတဲ့ပုံစံလေးပါ ။ အရင် break တို့ continue တို့တုန်းက ပုံစံဆင်တူလေးတွေရေးပြခဲ့ဖူးပါသေးတယ် ။
အခု goto ကိုသုံးပြီးရေးထားတဲ့ပုံစံပါ သိပ်မကွာပါဘူး ။ i တန်ဖိုး က ၅ ဖြစ်တာတဲ့ OK ဆိုတဲ့ label ကို ခုန်သွားမှာပါ ။ သဘောပေါက်မယ်ထင်ပါတယ် ။
Result
ဒီလောက်ဆိုရင် Jump statement တွေဖြစ်တဲ့ break, continue ,goto တို့ကိုဘယ်လိုနေရာတွေမှာသုံးတယ်သူတို့ရဲ့အလုပ်လုပ်ပုံကဘယ်လိုဆိုတာကို သဘောပေါက်မယ်ထင်ပါတယ် ။ အကြံပေးချင်တာလေးတစ်ခုကတော့ အရင်ရှေ့ပိုင်း looping တွေအတွက်ဆွေးနွေးခဲ့တုန်း က jump statement တွေကို သုံးခဲ့တာတွေရှိပါတယ် ။ ဒါပေမဲ့ ကျွန်တော်နောက်ပိုင်းမှ ဆွေးနွေးမယ်ဆိုပြီးပြောမပြခဲ့ပါဘူး ။ ဒါကြောင့် ပိုပြီး သေချာနားလည်သွားချင်တယ်ဆိုရင်တော့ အရင် looping အပိုင်းတွေကိုတစ်ချက်ပြန်ကြည့်စေချင်ပါတယ် ။
ဆွေးနွေးချက် (၁၃)
Wednesday, July 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment