သားရေကြိုးလေးတစ်ပင် (ဘုန်းနိုင်)

Thursday, July 1, 2010


သားရေကြိုးလေးတစ်ပင် (ဘုန်းနိုင်)

တစ်ယောက်တစ်ဖက် ၊ နှစ်ယောက်လက်နဲ့ 
ဆွဲဆန့် ဘူးလား
သံယောဇဉ်ကြိုး ဒီလိုမျိုးပေါ့ ။
ဆွဲ နေတုံးတော့  ရှည်တာပေါ့ 
တစ်ဖက်တစ်စ လွတ်ချလိုက်ရင်
တွယ်တာတတ်သူ ၊ မလွတ်သူမှာ
ထူပူသွားအောင် နာတတ်တယ် ။
အဲဒီထဲမှာ နင်ပါ ဘူးလား
ငါပါဘူးတယ် ၊ နာဘူးတယ်။

2 comments:

Anonymous said...

အရမ်းကောင်းပါတယ်ရှင့်

ဆက်လက်အားပေးနေပါ့မယ်..

Read more: http://www.knowledgewar07.com/2009/11/auther-comments-highlight.html#ixzz0s2vyA5Yf
Unknown said...

သောက်၇မ်းကောင်းတယ်
နောက်ထပ်ဒါမျိုးလေးေ၇းဦး

Read more: http://www.knowledgewar07.com/2009/11/auther-comments-highlight.html#ixzz0s2vyA5Yf

Post a Comment

ဒီPost ရဲ့ရေးသားချက်နဲ့ပက်သက်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။